Home
မြန်မာသတင်း
စမ်းချောင်း မီးလောင်မှု ၃ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
January 24, 2019
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှာ မီးလောင်မှုကြောင့် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲ့ စမ်းချောင်းမြို့နယ်၊ လင်းလွန်း/ တောင်ရပ်ကွက်ရှိ ဦးမင်းမင်း (၄၄)နှစ် စမ်း/တောင်ရပ်ကွက်နေသူရဲ့ "ငွေတောင်" လက်ဖက်ရည် ဆိုင်ဖွင့်ထားတဲ့ နှစ်ထပ်သစ်သားအိမ်မှာ လက်ဖက်ရည်ဖျော်ဆရာ အောင်သူ (၂၅) နှစ် (စိစစ်ဆဲ) မှ လက်ဖက်ရည်ကျိုနေစဉ် ဂတ်စ်အိုးခလုတ်ဖွင့်ပြီး ပိုက်ခေါင်းအား လက်နဲ့ လှည့်ရာမှ မီးစတင်လောင်ကျွမ်းပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ရဲ့ဝဲဘက်ရှိ ၆ ထပ်တိုက် အပေါ်ဆုံးထပ် ၂ ခန်းကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ နှစ်ထပ်သစ်သားအိမ် ၁ လုံး၊ တိုက်ခန်း ၂ ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကာ ည ၆ နာရီမှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် လက်ဖက်ရည် ဆိုင်ပိုင်ရှင်ရဲ့ ယောက္ခမ ဦးမြခိုင် (၇၄) နှစ်၊ ခယ်မ မစိုးစိုး (၃၈) နှစ်နဲ့ အောင်သူတို့ ၃ ဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ သိန်းဇော် (၂၉) နှစ် လက်ဖက်ရည်ဖျော်ဆရာအကူပါ ကျား ၂ ဦး တို့ ဝဲ/ယာ ခြေကျင်းဝတ် အဆစ်လည် မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့လို့ အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ အောင်သူ (သေဆုံး) အား စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၈၆ (ပေါ့လျော့မှုကြောင့် လူသေမှု/ပေါက်ကွဲစေတတ်သော ပစ္စည်းအား ပေါ့လျော့စွာ အသုံးပြုမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024