ကွန်ဂရက်ကိုပြောမည့် သမ္မတ ထရမ့်၏ မိန့်ခွန်းကို အောက်လွှတ်တော်ဥက္ကဋ္ဌ ပယ်ဖျက်

ဓာတ်ပုံ - Reuters
အမေရိကန်ကွန်ဂရက်ကို ပြောမယ့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းကို အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီက ပယ်ဖျက်ခဲ့တာကြောင့် တခြားတခုခု အစားထိုး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သမ္မတထရမ့်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြောပါတယ်။ ကွန်ဂရက်ကို ပြောကြားမယ့် သမ္မတ မိန့်ခွန်းကို အောက်လွှတ်တော်က သဘောမတူကြောင်း နန်စီပယ်လိုစီက စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။ “နန်စီပယ်လိုစီဟာ အမှန်တရားကို မကြားလိုတာကြောင့် ပြောမယ့်မိန့်ခွန်းကို ပယ်ဖျက်တာဖြစ်တယ်။ အစွန်းရောက် ဒီမိုကရက်တွေရဲ့ ပါတီမှာ ဖြစ်ပျက်နေတာက ထိတ်လန့်ဖွယ်ရာပဲ။ ဒီိမိုကရက်တွေအနေနဲ့ သူတို့လုပ်နေတာတွေကို သိဖို့ မျှော်လင့်ပါတယ်” လို့ သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။ လာမယ့်အင်္ဂါနေ့မှာ ပြောကြားဖို့ စီစဉ်ထားတဲ့ မိန့်ခွန်းကို ပယ်လိုစီ ကဖျက်ယဖျက်လုပ်တာဟာ ရှက်ဖွယ်ဖြစ်တယ်လို့လည်း အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ နယ်စပ်လုံခြုံရေး အစည်းအဝေးအတွင်း သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up