VAR စနစ် အသုံးပြုမှု ဆိုင်းငံ့ထားသင့်ဟု စပါးနည်းပြ ပြော

VAR စနစ် အသုံးပြုမှာကို ဆိုင်းငံ့ထားသင့်တယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။ Video Assistant Referees (VAR) လို့ခေါ်တဲ့ ရုပ်သံကို ပြန်ကြည့်ပြီး ဆုံးဖြတ်ရတဲ့စနစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ စတင်အသုံးပြုခဲ့သလို အင်္ဂလန် ရှုံးထွက်ဖလား ပွဲစဉ်တွေမှာလည်း အသုံးပြုနေတာပါ။ ဒါ့အပြင် လာမယ့်နှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း စတင်အသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။ VAR စနစ်ကြောင့် ဘယ်သူမှ ပျော်ရွှင်မှာမဟုတ်တာကြောင့် ပရိသတ်တွေရဲ့ ဆန္ဒကို ကြည့်သင့်ပြီး ဆုံးဖြတ်ချက်တခုအတွက် ၅ မိနစ်လောက် ပွဲရပ်နားမယ်ဆိုရင် ပရိသတ်တွေဘက်က ဘယ်လိုပြုမူမလဲ မသိနိုင်ဘူးလို့ ပိုချက်တီနိုက ဆိုပါတယ်။ စပါးအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ VAR စနစ်ကြောင့် ပယ်နယ်တီရခဲ့ပြီး တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အနိုင်ရခဲ့ပေမယ့် အဲဒီလို အနိုင်ရတာမျိုးကို မလိုချင်ဘူးလို့လည်း ပိုချက်တီနိုက ဆိုပါတယ်။ ဒါကြောင့် VAR စနစ်ကို တနှစ် ဒါမှမဟုတ် တနှစ်ထက်ပိုပြီးတော့ ဆိုင်းငံ့ထားသင့်ပြီး အင်္ဂလန်က ဒိုင်လူကြီးတွေနဲ့ အဆင်ပြေတဲ့အချိန်မှ အသုံးပြုသင့်တယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up