မိမိရာထူးထက် အသင်းအနာဂတ်ကို ပိုစိုးရိမ်ဟု မိုနာကိုနည်းပြ အွန်နရီ ပြော

ဓာတ်ပုံ - Getty Images
မိမိရဲ့ရာထူးထက် အသင်းအနာဂတ်အတွက် ပိုစိုးရိမ်တယ်လို့ မိုနာကိုနည်းပြ အွန်နရီက ပြောကြားလိုက်ပါတယ်။ အွန်နရီရဲ့ မိုနာကိုအသင်းဟာ ပြင်သစ်လီဂူးဝမ်းပွဲစဉ် ၂၁ အပြီးမှာ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာပါ။ တန်းဆင်းဇုန်ထဲမှာ ရောက်နေတာကြောင့် အဆင့် ၁၇ က အေမီယန်အသင်းနဲ့ ၃ မှတ် ကွာနေပါတယ်။ ဒီလို ရလဒ်ဆိုးရွားမှုတွေကြောင့် အွန်နရီ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သူ့ရာထူးထက် အသင်းရဲ့အနာဂတ်ကို ပိုပြီး စိုးရိမ်တယ်လို့ အွန်နရီက ပြောကြားလိုက်တာပါ။ သူ့ရဲ့အနာဂတ်ကို အသင်းပိုင်ရှင်က ဆုံးဖြတ်မှာဖြစ်ပြီး ဘယ်လိုပဲမေးမေး အဲဒီလိုပဲ ဖြေသွားမှာဖြစ်လို့ အလားတူမေးခွန်းမေးဖို့ မလိုဘူးလို့လည်း အွန်နရီက ပြောကြားခဲ့ပါတယ်။ မိုနာကိုအသင်းဟာ ပြင်သစ်ဖလားပွဲမှာ မက်ဇ်ကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် လိဂ်ပွဲစဉ်ဖြစ်တဲ့ ဒီဂျွန်နဲ့ပွဲက ပိုပြီးအရေးကြီးတယ်လို့ အွန်နရီက ပြောဆိုသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up