Home
မြန်မာသတင်း
နေပြည်တော်ရှိ စစ်မှုထမ်းဟောင်းများ ဖေ့စ်ဘွတ်ခ်ကို ဆန့်ကျင်ရှုတ်ချ
DVB
·
January 24, 2019
နေပြည်တော်မှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေဟာ ဇန်န၀ါရီ ၂၃ ရက်က နေပြည်တော်၊ ပျဉ်းမနားမြို့မှာရှိတဲ့ အောင်မင်္ဂလာကားဝင်း အဟောင်းထဲမှာ တပ်မတော်ထောက်ခံပွဲ ကျင်းပပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို ဆန့်ကျင်ရှုတ်ချ ခဲ့ကြပါတယ်။ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်တဲ့ ဖေ့စ်ဘွတ်ခ်ကို လုံးဝ ဆန့်ကျင်ရှုတ်ချတယ်ဆိုတဲ့ဆိုင်းဘုတ်တွေ၊ တပ်မတော်အင်အားကို ချိုးနှိမ်တာမှန်သမျှကို လုံးဝလက်မခံဆိုတဲ့ ဆိုင်းဘုတ်တွေ၊ ပြည်သူကိုချစ်သောတပ်မတော် အောင်မြင်ပါစေ၊ တပ်မတော် စွမ်းမှတိုင်းပြည်အေးချမ်းမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ စစ်မှုထမ်းဟောင်းတွေက ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ပျဉ်းမနားမြို့ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးဟောင်း သန်းအောင်က “မြန်မာ့တပ်မတော်ကို စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေအားလုံးက အပြည့်အ၀ ထောက်ခံတယ်ဆိုတာကို သိရှိစေဖို့အတွက် တိတ်ဆိတ်ငြိမ်သက်စွာ စီတန်း လှည့်လည်ခြင်းမပြုဘဲတနေရာတည်းမှာပဲ ရပ်တန့်ပြီးတော့ ထောက်ခံပွဲလုပ်တာ”လို့ ပြောပါတယ်။ ဒီထောက်ခံပွဲကို ပျဉ်းမနားမြို့မှာရှိတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့အင်အား ၄၀၀ ကျော်အပြင် သီရိ ငါးမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တွေက စစ်မှုထမ်းဟောင်းတွေကလည်း ၀န်းရံသူတွေအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024