ပါရီရှိ ဘဏ်တခုကို လက်နက်ကိုင် လုယက်မှုဖြင့် သံသယရှိသူ ၃ ဦးအား ရဲတပ်ဖွဲ့ ရှာဖွေ

ဓာတ်ပုံ - AAP
869
ပြင်သစ်မြို့တော် ပါရီက ရှောင်ဇေလီဇေ ရိပ်သာလမ်းနားမှာရှိတဲ့ မီးလက်စ်ဘဏ်ခွဲကို လက်နက်ကိုင် လုယက်မှုနဲ့ သံသယရှိသူ အမျိုးသား အနည်းဆုံး ၃ ဦးကို ရှာနေတယ်လို့ ပြင်သစ်ရဲတွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
အမျိုးသား အနည်းဆုံး ၃ ဦးဟာ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းက ဖရင်ကလင်ရုစဗဲ့ ရိပ်သာထဲက ဘဏ်ထဲကို ဝင်လာခဲ့တယ်လို့ ပြင်သစ် နေ့စဉ်ထုတ်သတင်းစာ လယ်ပါရီစီယံက ဖော်ပြပါတယ်။
သံသယရှိသူတွေဟာ ဘဏ်ဝန်ထမ်းတွေနဲ့ ဘဏ်တွင်း ငွေစာရင်းရှင်တွေကို ချက်ချင်း ထိန်းချုပ်ခဲ့ပြီး ကြိုးနဲ့တုပ် အခန်းထဲ ပိတ်ထားခဲ့ပါတယ်။
အဲဒီနောက် ဘဏ်ရဲ့ အဓိက အလုံပိတ် ငွေတိုက်ခန်းဆီသွားပြီး အာမခံသေတ္တာတွေ၊ မီးခံသေတ္တာတွေ အတော်များများကို အချိန်ယူဖွင့်ပြီး သေတ္တာတွေကို အပြောင်ရှင်းသွားခဲ့တယ်လို့ သတင်းစာက ဆက်ရေးပါတယ်။
သံသယရှိသူတွေဟာ ဘဏ်ထဲကလူတွေကို ကြိုးတုပ်လျက်တန်းလန်း ထားခဲ့ပြီး ဘဏ်ဝင်းထဲကနေ နေ့လယ်ပိုင်းလောက်မှာ ထွက်သွားခဲ့တာပါ။
သူတို့ထွက်သွားပြီး နာရီဝက်လောက်အကြာမှာ ကြိုးတုပ်ခံရသူတချို့ ကြိုးကိုဖြည်နိုင်ခဲ့ပြီး ရဲကို ဆက်သွယ်ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။