မက္ကဆီကိုတွင် လောင်စာပိုက်လိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၉၆ ဦးထိ မြင့်တက်

ဓာတ်ပုံ - AFP
626
မက္ကဆီနိုင်ငံအလယ်ပိုင်း ဟီဒယ်ဂိုပြည်နယ် လောင်စာပိုက်လိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ ၉၆ ဦးအထိ မြင့်တက်လာပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့က သမ္မတ လိုပက်ဇ် အိုဘရေဒေါဟာ လောင်စာခိုးယူမှု ဖြစ်နေတဲ့ ဒေသတွေမှာ နောက်ထပ်အဖြစ်ဆိုးတွေ မကြုံတွေ့စေဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ့် အစီိအစဉ် တရပ်ကို တင်ပြခဲ့ပါတယ်။
ပြည်နယ်တွင်း အာကမ်ဘေမြို့ကို လာရောက်ချိန်မှာ သမ္မတ အိုဘရေဒေါက အဲဒီမြို့က ပင်စင်ခံစားခွင့်တွေနဲ့ လူငယ်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးပြီး လယ်ယာလုပ်သားတွေအတွက် စီးပွားရေးအကူအညီ ပေးအပ်ခဲ့ပါတယ်။
"ပြည်သူတွေဟာ ဒါမျိုးလုပ်ရပ်တွေ လုပ်ဖို့ လိုတော့မှာမဟုတ်ဘူး၊ အလုပ်အကိုင်တွေ လူမှုဖူလုံရေး ခံစားခွင့်တွေနဲ့ အထောက်အပံ့တွေကို အစိုးရဆီကနေ ရတော့မယ်၊ လောင်စာသူခိုးခေတ် ပြီးသွားပြီ" လို့လည်း အိုဘရေဒေါက ပြောပါတယ်။
အာကမ်ဘေဒေသခံတွေအတွက် သမ္မတ အိုဘရေဒေါ ကြေညာခဲ့တဲ့ အစီအစဉ်တွေဟာ ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါးနဲ့ ဒေသခံ ၁၅,၀၀၀ နီးပါး အကျိုးအမြတ်ရမှာ ဖြစ်တယ်လို့ အစိုးရ သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။