Home
မြန်မာသတင်း
ရန်ကုန် Traffic ပြဿနာ ပြည်သူတွေစိတ်ပျက်နေဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
အာကာ
·
January 23, 2019
ရန်ကုန်မြို့ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့် ယာဉ်ကြောကျပ်တဲ့ Traffic  ပြဿနာ အပေါ်လူတွေရဲ့စိတ်ပျက်မှုတွေကတော့ရှိနေပြီး အခြေခံ အဆောက်အဦတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေသေးတယ်လို့  ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်တဲ့ စည်ပင် သာယာရေးအဖွဲ့တွေအတွက် ကောင်းမွန်သော အလေ့အထများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။ ကားတင်သွင်းမှုကို စနစ်တကျ မဆောင်ရွက်ခဲ့တာ၊ အခြေခံအဆောက်အဦတွေကို စနစ်တကျ မတည်ဆောက်ခဲ့တာတွေတာတွေဟာ ရန်ကုန်ယာဉ်ကြောကျပ်တဲ့ ပြဿနာရဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “Traffic ပြဿနာအပေါ်မှာ လူတွေဟာ စိတ်ပျက်မှုတွေ ရှိပါတယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ Traffic Control Center စနစ်ဆောင်ရွက်တာ၊ တက္ကစီ စနစ်ကို အွန်လိုင်းက ခေါ်နိုင်အောင် ဆောင်ရွက်တာတွေ လုပ်နေပေမယ့် Infrastructure တွေကိုပိုပြီး တိုးမြှင့်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ Infrastructure တွေကို ပြောင်းလဲလိုက်မယ်ဆိုရင် Traffic ပြဿနာတွေ အများကြီးပြေလျော့သွားဖို့ ရှိပါတယ်။ ဥပမာ- သာကေတတံတား ဖြစ်ပါတယ်။ အရင်က သာကေတတံတားကိုသွားရင် Traffic ဖြစ်ပါတယ်။ အခု တံတားသစ်ဆောက်အပြီးမှာ ယာဉ်ကြောကျပ်တည်းမှုပြေလျော့သွားတာကိုတွေ့နိုင်ပါတယ်”လို့ ပြောပါတယ်။ ရန်ကုန်မြို့ကို မြို့ပြအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင့်စဖွယ် စီးပွားရေးမြို့တော်ဖြစ်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့လည်း ၀န်ကြီးချုပ်က ထပ်လောင်း အတည်ပြု ပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024