လူငယ်ကစားသမား တွန်မီနေးကို မန်ယူ စာချုပ်သက်တမ်းတိုး

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်ကွင်းလယ်ကစားသမား မက်တွန်မီနေးကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။ အသက် ၂၂ နှစ်ရှိ တွန်မီနေးဟာ အသက် ၅ နှစ်ကတည်းက မန်ယူအကယ်ဒမီမှာ  လေ့ကျင့်သင်ကြားခဲ့သူဖြစ်ပြီး နည်းပြဟောင်း မော်ရင်ဟိုလက်ထက်မှာ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။ တပတ်လုပ်ခအဖြစ် ပေါင်သုံးသောင်းခန့် ရရှိမှာဖြစ်ပြီး မန်ယူအသင်းမှာ  ဆက်လက်သင်ယူရင်း ခြေစွမ်းတိုးတက်လာအောင် လုပ်ဆောင်သွားချင်တယ်လို့ တွန်မီနေးက ပြောပါတယ်။ "မန်ချက်စတာယူနိုက်တက်က ကျေနာ် အသက် ၅ နှစ်ကတည်းက ကျနော့်ရဲ့ဘဝ ဖြစ်ခဲ့ပြီးသားပါ။ ကျနော်က ငယ်ရွယ်သေးပြီး နည်းပြအဖွဲ့ဝင်တွေနဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေဆီကနေ သင်ယူစရာတွေ ဆက်ပြီး လုပ်ဆောင်သွားမယ်" လို့ တွန်မီနေးက ပြောပါတယ်။ နည်းပြဆိုးလ်ရှားကတော့ တွန်မီနေးနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့လို့ ကျေနပ်မိပြီး  သူ့မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ စကော့တလန်ကစားသမား တွန်မီနေးဟာ ၂၀၁၇ ခုနှစ်မှာ အသင်းနဲ့အတူ စတင်ပွဲထွက်ခဲ့ပြီး အခုနှစ်ရာသီမှာတော့ ၈ ပွဲ ကစားခွင့်ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up