Live
Home
မြန်မာသတင်း
ပုသိမ်ကြိုးတံတားပြတ်ကျသွားကြောင်း မမှန်သတင်းလွှင့်သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
သော်ဇင်မျိုး
·
January 23, 2019
ပုသိမ်ကြိုးတံတားပြတ်ကျသွားကြောင်း မဟုတ်မမှန်သတင်းထုတ်လွှင့်သူကို အရေးယူဖို့ ပုသိမ်မြို့မရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က) နဲ့ အမှုဖွင့်ထားပါတယ်။ ပုသိမ်ကြိုးတံတားပျက်ကြသွားကြောင်း သတင်းမှားတခုကို ဇန်နဝါရီ ၂၀ ရက်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျာနှာမှာ  Soe Moe Aung အမည်နဲ့ အကောင့်တခုကနေ ရေးသားဖြန့်ဝေခဲ့တာပါ။ ဒီသတင်းကြောင့် အများပြည်သူတွေထိတ်လန့်ခဲ့ရပြီး အဲ့ဒီသတင်းမှာဖြန့်ဝေခဲ့တဲ့ အကောင့် ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) နဲ့ တံတားအထူးအဖွဲ့ ၁၆ က ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့  လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။ လက်ရှိ ကြိုးတံတားပေါ်မှာ ယာဉ်တွေ ပုံမှန်ဖြတ်သန်းသွားလာနေကြပြီး ကြိုးတံတား ဟာ တစုံတရာ ချို့ယွင့်ပျက်စီးတာတွေမရှိခဲ့ဘူးလို့လည်း လမ်းဦးစီးဌာနက ရှင်းလင်းပြောပါတယ်။ သတင်းအမှားဖြန့်ဝေခဲ့တဲ့ အကောင့်ကတော့ လက်ရှိမှာ လူမှုကွန်ရက်ပေါ်မှာ ရှာမတွေ့တော့ဘဲ ဖျက်သိမ်းထားတာကိုတွေ့ရပြီး အကောင့်ပိုင်ရှင်ကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ ရဲတပ်ဖွဲ့အနေနဲ့ကတော့ တရားခံကို ဆက်လက်စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ထွန်းရွှေကပြောပါတယ်။ ပုသိမ်ကြိုးတံတားဟာ ပြီးခဲ့တဲ့နှစ်ကစစ်ဆေးပြီးတဲ့နောက် တံတားဖြန်သန်းခွင့်ကို ယာဉ်ကုန် တန် ၂၀ အထိသာ ဖြတ်သန်းသွားလာဖို့ ကန့်သတ်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024