ထူးခြားသည့် အန်နီမေးရှင်း ဖန်တီးမှုများနှင့် ဘရာဇီးရုပ်ရှင် – Tito and the Birds (နမူနာ)

ထူးခြားတဲ့ အန်နီမေးရှင်း ဖန်တီးမှုတွေနဲ့ ပရိသတ်တွေအကြိုက် ဘရာဇီးရုပ်ရှင်ကား Tito and the Birds ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဘရာဇီး ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Gabriel Bitar, André Catoto နဲ့ Gustavo Steinberg တို့က ပူးတွဲ ပုံဖော်ရိုက်ကူးခဲ့ကြတာဖြစ်ပြီး Shout ! Studios က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ Tito ဟာ ရှက်တတ်တဲ့ ၁၀ နှစ်အရွယ် ကောင်လေးတယောက်ဖြစ်ပြီး သူ့ရဲ့မိခင်နဲ့ အတူနေထိုင်ပါတယ်။ သူ့ရဲ့ဖခင်ကတော့ သိပ္ပံသုတေသန ပညာရှင်တယောက် ဖြစ်ပါတယ်။ တနေ့မှာတော့ ရုတ်တရက်ပဲ လူတွေဟာ ကပ်ရောဂါတခုကြောင့် ဖျားနာကြတယ်။ ဒါကို ကယ်တင်နိုင်မယ့် နည်းလမ်းကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူ လုပ်ဆောင်ခဲ့တဲ့ ကျေးငှက်တွေရဲ့ တေးသံနဲ့ ပတ်သက်တဲ့ သုတေသနနဲ့ ဆက်စပ်နေတယ် ဆိုတာကို သိလိုက်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ Tito ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ရှာပုံတော်ဖွင့်ခဲ့ချိန်မှာတော့ ရှာတွေ့နိုင်ပါ့မလား။ ဘာတွေများ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဆီဆေးပန်းချီကားတွေ၊ Digital Drawings တွေ၊ Graphic Animations တွေနဲ့ ထူးထူးခြားခြား ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 7.6 ထိ ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၇၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပေါ်တူဂီဘာသာစကားကို အသုံးပြုထားပြီး အင်္ဂလိပ်လို စာတန်းထိုးပေးထားပါတယ်။ ဒီကားဟာ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ Official Selection အဖြစ် ရွေးချယ်ခံခဲ့ရပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up