အခွန်ရှောင်လွှဲမှုအတွက် မက်ဒရစ်တရားရုံးတွင် စီရော်နယ်ဒို စစ်ဆေးခံ

ဓာတ်ပုံ - Reuters
1K
ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခွန်ရှောင်လွှဲမှု စွဲချက်အတွက် စပိန်မြို့တော် မက်ဒရစ်တရားရုံးမှာ ဇန်နဝါရီ ၂၂ ရက်က လာရောက် စစ်ဆေးခံခဲ့ပါတယ်။
သူဟာ အခွန်ရှောင်လွှဲမှုနဲ့ တရားစွဲခံထားရပြီး အပြစ်ဝန်ခံမယ်လို့ မျှော်လင့်ရပါတယ်။ သူ့ကို အာဏာပိုင်တွေက မနှစ်က တရားစွဲခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ် ဂျူဗင်တပ်တိုက်စစ်မှူးဟာ ဆိုင်းငံ့ထောင်ဒဏ်ကို လက်ခံပြီး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ သန်း ဒဏ်ငွေဆောင်ပြီး အမှုကို ပြေငြိမ်းဖို့ သဘောတူထားပါတယ်။
စပိန်ဥပဒေအရ ပထမဆုံး ကျူးလွန်သူဟာ ၂ နှစ်အောက် ထောင်ဒဏ်ကို ခံဝန်ချုပ်နဲ့ လွှတ်ပေးနိုင်လို့ ရော်နယ်ဒိုဟာ ထောင်ဒဏ်ကျခံဖို့ လိုမှာမဟုတ်ဘူးလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။