၂၀၁၈ ကမ္ဘာ့ဖလားအပြီးတွင် ချဲလ်ဆီးမှ ထွက်ခွာချင်ခဲ့ဟု ဟာဇက် ဝန်ခံ

၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ ချဲလ်ဆီးကနေ ထွက်ခွာချင်ခဲ့တယ်လို့ တောင်ပံကစားသမား ဟာဇက်က ဝန်ခံပြောကြားလိုက်ပါတယ်။ ဟာဇက်က ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့ပေမယ့် အသင်းမှာဆက်ရှိခဲ့ပြီး အခုချိန်ထိ အကောင်းဆုံး ကစားနိုင်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်မှာ ကွန်မြူနတီဒိုင်းကလွဲလို့ မရဘူးတဲ့ဆုဖလား မရှိတော့တာကြောင့် တခြား မတူကွဲပြားတဲ့ နေရာမှာ ကစားဖို့ ဆန္ဒရှိပေမယ့် ချဲလ်ဆီးအသင်းမှာ ဆက်ရှိနေစေခဲ့တဲ့ အကြောင်းတရားတွေ ရှိတယ်လို့ ဟာဇက်က ပြောပြခဲ့ပါတယ်။ ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ကာလကြာရှည် စိတ်ဝင်စားနေပြီး ဟာဇက်ကိုယ်တိုင်ကလည်း ရီးရဲလ်အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်းနဲ့ သူ့ရဲ့ ငယ်ဘဝအိပ်မက်က ရီးရဲလ်အသင်းမှာ ကစားခွင့်ရရေးဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ဖူးပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ တနှစ်သက်တမ်းပဲ စာချုပ်ကျန်တော့ပေမယ့် အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up