တရားစွဲခံနေရသည့် မင်းသားဝေဠုကျော်ကို ကျပ်သိန်း ၅၀ ဖြင့် အာမခံပေး
ရန်နိုင်ဇော်ဝင်း
·
January 22, 2019
ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲခံနေရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကျပ်သိန်း ၅၀ နဲ့ အာမခံပေး လိုက်ပါတယ်။
သူနဲ့ချစ်သူဖြစ်ခဲ့ဖူးတဲ့ အလှမယ် မသင်းသင်းက ကာမလိမ်လည်ရယူမှုပုဒ်မ (၄၁၇)နဲ့ ဝေဋ္ဌုကျော်ကို တရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုကို တရားလိုဘက်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က လိုက်ပါဆောင်ရွက်ပေးနေပြီး စွပ်စွဲခံရတဲ့ ဝေဠုကျော်ဘက်ကတော့ ရှေ့နေဦးဖိုးဖြူက လိုက်ပါဆောင်ရွက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဒီအမှုကို စတင် ဦးတိုက် လျှောက်ထားခဲ့တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့ ရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။