မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေး ဒေါ်စု ဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန်ဒီစီရဲ့ ဒေသစံတော်ချိန် ၁၂ နာရီခွဲမှာ အမေရိကန်ပြည်ထောင်စုအခြေစိုက် အတွေးအခေါ်ပညာရှင်အဖွဲ့ (The Asia Society) က ပေးအပ်ထားတဲ့ global vision ဂုဏ်ထူးဆောင်ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ ဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက်ရောက်လာသူတွေ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အကြောင်းအရာကို ၀ိုင်းဝန်းဆွေးနွေးကြမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ (the U.S. Institute of Peace)၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် အတွေးခေါ်ပညာရှင်အဖွဲ့ (the Asia Society and the Department of State) တို့ ပူးတွဲ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ပြီး ဂုဏ်ပြုမိန့်ခွန်းပြောမှာဖြစ်သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာကနေလည်း တိုက်ရိုက်ထုတ်လွင့်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up