Home
မြန်မာသတင်း
မြစ်ဆုံရေကာတာ ရာသက်ပန်ရပ်ဆိုင်းရန်  မြန်မာအစိမ်းရောင်ကွန်ရက် တောင်းဆို
DVB
·
January 22, 2019
မြစ်ဆုံရေကာတာစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်၊ လူမှုဘ၀ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်နဲ့ အမျိုးသားလက္ခဏာ၊ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တဲ့အတွက် ရာသက်ပန် ရပ်ဆိုင်းဖို့ မြန်မာအစိမ်းရောင်ကွန်ရက်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့အနေနဲ့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့သဘောဆန္ဒအတိုင်း လုပ်ဆောင်နိုင်ဖို့ အတွက်စီမံကိန်းနဲ့ ပတ်သက်တဲ့ အထူးတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး အသေးစိတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းသင့်တယ်လို့ ကွန်ရက်ရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟောင်လင်းနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈နဲ့ ၂၉ ရက်က ကချင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီး မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ဆက်ဆောက်လိုတဲ့ သဘောထားရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်က ဒေသခံတိုင်းရင်းသား ပြည်သူတွေဟာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုမရှိဘူးလို့ တရုတ်သံရုံးကထုတ်ပြန်ခဲ့တဲ့အတွက်  မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်စတင်မှာကို ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လ လာနေပါတယ်။ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ အတူရပ်တည်မယ်လို့ အာဏာရ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့  ကတိပေးပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024