Home
မြန်မာသတင်း
ဖွံ့ဖြိုးရေးအကြောင်းပြ၍ တပ်မတော်လမ်းဖောက်လုပ်နေမှု ကေအန်ယူ ယုံကြည်ရန်ခက်ခဲ  
DVB
·
January 21, 2019
စစ်ဆင်ရေးနယ်မြေလို့ သတ်မှတ်တဲ့နေရာမှာ မြန်မာ့တပ်မတော်က ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဖို့ အကြောင်းပြပြီး လမ်းဖောက်လုပ်တာဟာ ယုံကြည်ရဖို့ခက်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) ဗဟိုကော်မတီဝင် ပဒိုစောအယ်ဝါးက ပြောပါတယ်။ ကေအန်ယူထိန်းချုပ်နယ်မြေ ဖာပွန်မြို့နယ်မှာ ဇန်န၀ါရီ ၁၇ ရက်နဲ့ ၁၈ ရက်တွေက ဘော်စဲခို-လွယ်မူပလော လမ်းပြုပြင်ဖောက်လုပ်နေတဲ့ မြေထိုးစက်လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကေအန်ယူက နှောင့်ယှက်ပစ်ခတ်မှု၊ ဘော်စဲခိုကျေးရွာနဲ့ ၃ မိုင်ခန့် အကွာမှာ တပ်မတော်ယာဉ်တန်းကားမိုင်းနင်းမိ ပေါက်ကွဲမှုနဲ့ ကေအန်ယူ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာတယ်လို့ တပ်မတော်က  သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၈ ရက်စွဲနဲ့  တပ်မတော်က ခုလို သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုစောအယ်ဝါးက  ဒီဗွီဘီကို ပါတယ်။ “သူတို့ပြောတဲ့နေရာကတော့ စစ်ဆင်ရေးနေရာလို့ သတ်မှတ်တဲ့ နေရာဖြစ်တယ်။ မြန်မာ့ တပ်မတော်က စစ်ဆင်ရေးနယ်မြေလို့ သတ်မှတ်တဲ့နေရာဖြစ်တယ်။ ဒါပေမယ့် စစ်ဆင်ရေး သတ်မှတ်တဲ့နေရာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းလာလုပ်တယ်။ လမ်းဖောက်တယ် ဆိုလို့ရှိရင် ကျနော်တို့ပြည်သူတွေက ယုံကြည်ရဖို့ တော်တော်ခက်ခက်ခဲတယ်လို့ သုံးသပ်လိုတယ်”လို့ ပြောပါတယ်။ မိုင်းထောင်တာနဲ့ပတ်သက်ပြီးလည်း မိုင်းထောင်ရတဲ့ အဓိက အကြောင်းအရင်းကို ပြန်လည်ပြီးသုံးသပ်ဖို့ လိုမယ်လို့  ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုစောအယ်ဝါးက ဆက်လက် ပြောပါတယ်။ ကရင်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ၊ အဖွဲ့ဝင် ဒေါ်နန်းစေးအွာက" ဒီအချိန် ပိုပြီးတော့သတိထားရမယ်။ သူလူကိုယ်လူ ပြန်ပြီးတော့ ၀ိုင်းထိန်းရမယ်။ သူတင်း ကိုယ်တင်းနေရင်တော့ ပြတ်မယ်။ အဲတော့ ကျမတို့က ငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေးကို တကယ့်လိုလားတယ်ဆိုရင် ပဋိပက္ခဖြစ်စေမယ့် လုပ်ဆောင်ချက်လေးတွေကို ရှောင်ရှားသင့်တယ်"လို့ ပြောပါတယ်။ ဒီဇင်ဘာ ၂ ရက်က ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် ထန်တပင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ၆ ကြိမ်မြောက် ခရိုင်ညီလာခံကနေ အချက် ၄ ချက်ပါတဲ့ သဘောထားထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ သဘောထားထုတ်ပြန်ချက်ထဲမှာ ဖွံ့ဖြိုးရေးကိုအကြောင်းပြပြီး ဖာပွန်ခရိုင်နယ်ချင်းဆက် ခေးပူ-လယ်မူပလော လမ်းဖောက် လုပ်မှုအပါအ၀င် ကေအန်ယူနယ်မြေအတွင်း လမ်းဖောက်လုပ်မှုတွေက လူထုအကျိုးထက် အစိုးရဲ့ နယ်မြေတိုးချဲ့ရေးနဲ့ စစ်ဘက်ဆိုင်ရာ အခြား အထောက်အကူပြုရေးအတွက် အဓိက ရည်ရွယ်ဖောက်လုပ်တဲ့အတွက် အပြင်း အထန်ကန့် ကွက်ကြောင်း ဖော်ပြထားပါတယ်။ ရဲမင်းခေါင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024