ဆီးရီးယားနိုင်ငံမှ အီရန်ပစ်မှတ်များကို ပစ်ခတ်ခဲ့ဟု အစ္စရေးပြော

904
ဆီးရီးယားနိုင်ငံအတွင်းက အီရန်တွေရဲ့ ပစ်မှတ်တွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ဇန်နဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် ဆီးရီးယားစစ်တပ်အနေနဲ့ အစ္စရေးရဲ့ ပိုင်နက်ကိုရော၊ စစ်တပ်တွေကိုပါ မတိုက်ခိုက်ဖို့လည်း အစ္စရေးက သတိပေးလိုက်ပါတယ်။
“အစ္စရေးဟာ ပဲ့ထိန်းဒုံးကျည်တွေကို သုံးပြီး တရစပ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်၊ ဒါပေမယ့် ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်မှတ်အားလုံးနီးပါးကို ဖျက်ဆီးနိုင်ခဲ့တယ်” လို့ ဆီးရီးယားစစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး ဆီးရီးယားအစိုးရ မီဒီယာက ပြောပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်က မျက်မြင်သက်သေတွေကတော့ ညကောင်းကင်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ၁ နာရီနီးပါး ပဲ့တင်ထပ်နေတယ်လို့ ပြောပါတယ်။
အီရန် တော်လှန်ရေး အစောင့်တပ်ကို ကြီးကြပ်တဲ့ ကာ့ဒ်စ်တပ်တွေက စစ်ဆင်ရေးတွေကို ကြီးကြပ်နေတာပါ။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်တာလို့ ဆီးရီးယားအစိုးရက ပြောပြီး ဇန်နဝါရီ ၂၀ ရက်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဘက်က ခုလို တုံ့ပြန်ခဲ့တာပါ။
ဂိုလန်ကုန်းမြင့်မှာ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေကို အစ္စရေးစစ်တပ်က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးက ပြောခဲ့ပါတယ်။