နောက်ခံလူ ဒါမီယန်ကို ဂျူဗင်တပ်အသင်းထံ အငှားချရန် မန်ယူသဘောတူ

မန်ယူအသင်းဟာ နောက်ခံလူ ဒါမီယန်ကို ဂျူဗင်တပ်အသင်းဆီ အငှားချဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။ အီတလီစီးရီအေကလပ် ဂျုဗင်တပ်အသင်းဟာ ဒါမီယန်ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်း ထားတာဖြစ်ပြီး မန်ယူအသင်းဘက်က လက်ခံလိုက်တာကြောင့် လာမယ့်ရက်အနည်းငယ်အတွင်း မှာ အပြီးသတ်စာချုပ်ဖို့ ရှိနေတယ်လို့ အီတလီသတင်းစာ La Gazzeta Dello သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိ အီတလီနောက်ခံလူ ဒါမီယန်ဟာ ၂၀၁၅ ခုနှစ်က တိုရီနိုအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး လက်ရှိအချိန်အထိ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ လက်ရှိအသင်းမှာ  ဒါလော့၊ ဗလင်စီယာနဲ့ အက်ရှ်လေးယန်းတို့က ဦးစားပေး ကစားသမားတွေအဖြစ် ပွဲထွက်ခွင့်ရနေတာကြောင့် ဒါမီယန်အနေနဲ့ အခုနှစ်ရာသီမှာ ပွဲစဉ် ၅ ပွဲပဲ ကစားခွင့် ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up