နည်းပြဆာရီ၏ နည်းစနစ်ကို ချဲလ်ဆီးကစားသမားများ ယုံကြည်မှုရှိကြောင်း ဒေးဗစ်လူးဝစ်ပြော

ချဲလ်ဆီးကစားသမားတွေအားလုံးဟာ နည်းပြ မတ်ဆာရီရဲ့ နည်းစနစ်အပေါ်မှာ ယုံကြည်မှုရှိတယ်လို့ နောက်ခံလူ ဒေးဗစ်လူးဝစ်က ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆာရီရဲ့ နည်းစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ မိုပိုများပြားလာတာဖြစ်ပါတယ်။ အသင်းတသင်းဟာ နည်းပြရဲ့ နည်းစနစ်ကစားကွက်နဲ့ အကောင်းဆုံး အံဝင်ဖို့အတွက် အချိန်လိုအပ်တယ်ဆိုတာ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေက သာဓကဖြစ်တယ်လို့ လူးဝစ်က ပြောပါတယ်။ ဒါကြောင့် နည်းပြဆာရီရဲ့ နည်းစနစ်အပေါ်မှာ အားလုံးက ယုံကြည်မူရှိပြီး  အကောင်းဆုံးခြေစွမ်းရဖို့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ လူးဝစ်ကဆိုပါတယ်။ နည်းပြဆာရီရဲ့ နည်းစနစ်နဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းလိုဖြစ်အောင် တည်ဆောက်နိုင်ကြောင်းနဲ့ တိုက်စစ်ပိုင်းမှာတော့ အခုထက် ပိုကောင်းဖို့ လိုအပ်တယ်လို့ ဒေးဗစ်လူးဝစ်က ၀န်ခံပြောကြေားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up