ချီကာဂိုတွင် နှင်းအကြီးအကျယ် ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ် ၁၀၀၀ ကျော် ဖျက်သိမ်း

အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ သောကြာညက စပြီး နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့လို့ ဒေသတွင်း လေဆိပ်တွေမှာ ခရီးစဉ်ပေါင်း ၁၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ နှင်းခါးမိုးကြောင့် ဒေသတွင်း တချို့နေရာတွေမှာ နှင်းထုက ၁ ပေလောက်ထိ ကျဆင်းခဲ့တာပါ။ နှင်းအဆက်မပြတ် ကျဆင်းလို့ ရပ်ကွက် ၁၀၀ လောက်မှာ လျှပ်စစ်ဖြန့်ဖြူးမှု ပြတ်တောက်ခဲ့ပြီး ဒေသခံတွေ အမှောင်နဲ့ အအေးထဲမှာ နေခဲ့ရပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ဒေသတွင်း ယာဉ်ကြော ပိတ်ဆို့ပြီး ရထားခရီးစဉ် အားလုံးကို ရပ်ထားရပါတယ်။ လေဆိပ်တွေနဲ့ ဘူတာတွေမှာ ခရီးသည်တွေ သောင်တင်နေပြီး တချို့က ၂၄ နာရီထိ ကြာအောင် စောင့်နေခဲ့ရတာပါ။ စနေမွန်းလွဲပိုင်းမှာ နှင်းကျတာ ရပ်သွားပေမယ့် အိမ်နီးချင်း ပြည်နယ်တွေမှာ စနေညကနေ တနင်္ဂနွေနေ့ထိ နှင်းတွေ ပိုကျမယ်လို့ အမေရိကန် အမျိုးသား မိုးလေဝသဌာနက ဟောကိန်းထုတ် ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up