ဂရိနိုင်ငံတွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
January 21, 2019
ဂရိနိုင်ငံရဲ့ မြို့တော် အေသင်က လွှတ်တော်ရဲ့အပြင်ဘက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဇန်နဝါရီ ၂၀ ရက်က အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
မြောက်မက်ဆီဒိုးနီးယား နိုင်ငံရဲ့ နာမည်အပေါ် ဂရိအစိုးရက သဘောတူခဲ့မှုနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ခုလိုဖြစ်တာပါ။
ဆန္ဒပြသူတွေက လွှတ်တော်စောင့် အရာရှိတွေကို ကျောက်ခဲတွေ၊ ဓာတ်ဆီပုလင်း ဗုံးတွေနဲ့ မီးပန်းတွေ သုံးပြီး ပစ်ခတ်ခဲ့သလို ရဲတွေကလည်း ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေကို သုံးခဲ့ပါတယ်။
မက်ဆီဒိုးနီးယား နိုင်ငံဟောင်းနဲ့ နာမည်အရေး ယူဂိုဆလပ် သမ္မတနဲ့ ဆွေးနွေးပွဲမှာ မြောက်မက်ဆီဒိုးနီးယားနိုင်ငံ ဆိုတဲ့ နာမည်အသစ်ကို ဂရိအစိုးရက သဘောတူခဲ့လို့ ထောင်သောင်းချီတဲ့ ဂရိပြည်သူတွေ မြို့တော် အေသင်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဂရိနိုင်ငံ မြောက်ပိုင်းမှာလဲ မက်ဆီဒိုးနီးယားပြည်နယ် ရှိနေလို့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံဆိုတဲ့ နာမည်ဟာ နောက်ပိုင်းမှာ အချုပ်အခြာပိုင်နက် အငြင်းပွားစရာ ဖြစ်လာနိုင်တယ်ဆိုတဲ့ တွေးဆချက်တွေ ရှိနေလို့ ဂရိနိုင်ငံသားတွေက အိမ်နီးချင်းနိုင်ငံရဲ့ နာမည်ကို အသည်းအသန် ကန့်ကွက်နေပါတယ်။
နာမည်အရေးကို ဂရိလွှတ်တော်အတွင်း လာမယ့်သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ် ထားပါတယ်။