ဖူလ်ဟမ်ကို အနိုင်ယူပြီး စပါးအသင်း အဆင့် ၃ တွင် ဆက်လက်ရပ်တည် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်တဲ့ ဖူလ်ဟမ်နဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း အပါအဝင် ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ စပါးအသင်းဟာ လော်ရန်တေး၊ အယ်လီ၊ အဲရစ်ဆင်၊ လာမယ်လာ၊ ဟယ်ရီဝင့်က်စ်၊ ရို့စ်၊ အယ်လ်ဒါဝီရယ်၊ ဆန်းချက်ဇ်၊ ဗာတွန်ဂန်၊ ထရစ်ပီယာနဲ့ ဂိုး လိုရစ်တို့ကို အသုံးပြုသွားပါတယ်။ ဖူလ်ဟမ်အသင်းကလည်း အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူး ဘာဘယ်လ်ကို မီထရိုဗစ်နဲ့ တွဲပြီး အသုံးပြုသွားပါတယ်။ ပွဲချိန် ၁၇ မိနစ်ဟာ ဖူလ်ဟမ်အသင်းရတဲ့ ထောင့်ကန်ဘော စပါးတိုက်စစ်မှူး လော်ရန်တေးနဲ့ထိပြီး ဂိုးဝင်သွားတာကြောင့် ဖူလ်ဟမ် အဖွင့်ဂိုး ရသွားပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အနည်းငယ် အသာရခဲ့ပါတယ်။ စပါးအတွက် ချေပဂိုးကို ပွဲချိန် ၅၁ မိနစ်မှာ အယ်လီက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ကွင်းလယ်လူ ဟယ်ရီဝင့်က်စ်က သွင်းယူခဲ့ပါတယ်။ အခုပွဲနိုင်တဲ့အတွက် စပါးအသင်းက ရမှတ် ၅၁ မှတ်နဲ့ ထိပ်ဆုံးက လီဗာပူးနဲ့ ၉ မှတ်အကွာ အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေပြီး ဖူလ်ဟမ်ကတော့ ၁၄ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up