ဗြိတိန်တွင် ကားဗုံးပေါက်ကွဲ

846
ဗြိတိန်နိုင်ငံအတွင်း မြောက်အိုင်ယာလန်ပြည်နယ်ထဲက လန်ဒန်ဒါရီဒေသမှာ ဇန်နဝါရီ ၁၉ ရက်က ကားဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံရဲတွေက အစီရင်ခံခဲ့ပါတယ်။
လူတွေ အခင်းဖြစ်ရာ နေရာကနေ ဝေးဝေးနေကြဖို့ တိုက်တွန်းထားလို့ ဒဏ်ရာရသူ ရှိပုံမရဘူးလို့ ဒေသခံ နိုင်ငံရေးသမားတွေက ပြောပါတယ်။
မြို့လယ်က ဘစ်ရှော့လမ်းထဲမှာ ကားတစီး မီးလောင်နေပုံရတဲ့ ဓာတ်ပုံကိုလည်း ရဲတွေက တွစ်တာ လူမှုကွန်ရက်မှာ တင်ပြခဲ့ပါတယ်။
မြို့တွင်း တရားရုံးအပြင်မှာ သံသယဖြစ်စရာကောင်းတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံ နိုင်ငံရေးသမား ၂ ယောက်က ပြောပါတယ်။
၁၉၉၈ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ကန့်ကွက်တဲ့ စစ်သွေးကြွ အုပ်စု New IRA က ဒီလို တိုက်ခိုက်ခဲ့တာလို့ ဆန်းဒေးတိုင်းမ်စ် သတင်းစာရဲ့ အိုင်းရစ်ရှ် ဘာသာစကားနဲ့ ထုတ်ပြန် အစီရင်ခံပါတယ်။
ဗြိတိန် အုပ်ချုပ်တဲ့ အိုင်းရစ်ရှ် ဒေသအတွင်း နှစ် ၃၀ ကြာ အကြမ်းဖက်မှု အဆုံးသတ်ခဲ့တဲ့ ပဋိပက္ခအတွင်း လူအယောက် ၃၆၀၀ လောက် သေဆုံးခဲ့တာပါ။
မြောက်အိုင်ယာလန်ကို ဗြိတိန်ရဲ့ အစိတ်အပိုင်းအဖြစ် ဆက်ရှိဖို့ လိုလားတဲ့ ပရိုတက်စတင့် ဘာသာဝင် ပြည်ထောင်စုဝါဒီတွေနဲ့ ကက်သလစ်ဘာသာဝင် အမျိုးသားရေး ဝါဒီတွေကြား တိုက်ခိုက်ခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး စာချုပ်အပြီးမှာ အုပ်စုငယ် အုပ်စုကွဲတွေကြား အကြမ်းဖက်မှု ဆက်ရှိခဲ့ပေမယ့် ကားဗုံးခွဲတာတော့ ရှားပါတယ်။