Live
Home
မြန်မာသတင်း
သတ္တုရော​နှော ပါဝင်​​နေသည့် ကျောက်အိတ် ၁၂၀၀ ​ကျော်​တင်လာသည့် ကား ၂ ​စီး ဖမ်းမိ
Aung Aung Naing
·
January 20, 2019
သတ္တုရော​နှော ပါဝင်​​နေတဲ့ ကျောက်အိတ်ပေါင်း ၁၂၀၀ ​ကျော်​ကို တရားမ၀င် တင်​​ဆောင်​လာတဲ့ ကားနှစ်​စီးကို ကျောက်ဆည်စက်မှုဇုန်မှာ ဒီနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ ပါတယ်။ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ကျောက်ဆည်စက်မှုဇုန်သွားကားလမ်းပိုင်း ငါးဆူပတ္တာ ရွာထိပ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့မနက်က သတ္တုရောပါဝင်နေတဲ့ ကျောက်အိတ်ပေါင်း ၁၂၀၀ ကျော် တင်ဆောင်လာတဲ့ တွဲကားနှစ်​စီးကို ကျောက်ဆည်မြို့မရဲစခန်းက ဖမ်း​ဆီးရမိခဲ့တာပါ။ သတ္တုရောနှောပါဝင်​​နေတဲ့ ကျောက်အိတ်​တွေကို ၂၂ ဘီးတွဲကားနှစ်စီးနဲ့ တရားဝင် ခွင့်ပြုချက် လိုင်စင်မရှိဘဲ သယ်ဆောင်လာတာလည်းဖြစ်​ပြီး ​တစ်အိတ်ကို ပိဿာ ၃၀ လောက်ပါဝင်ကာ ၂၂ ဘီး တွဲကားတစ်စီးလျှင် အိတ်ပေါင်း ၆၀၀ စီ တင်​ဆောင်လာခဲ့တာလည်း ဖြစ်​ပါတယ်​။ သတ္တုရောနှောပါဝင်​နေတဲ့ ကျောက်အိတ်​တွေကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ သယ်ဆောင်​လာတဲ့ ယာဉ်မောင်း ကျော်သန်းဦးနဲ့ ဇော်လတ် ယာဉ်နောက်လိုက်ဖြစ်​တဲ့ သူရကိုကို တို့ ၃ ဦးကို ကျောက်ဆည်မြို့မရဲစခန်းက (ပ)၆၁/၂၀၁၉ မြန်မာ့သတ္တုတွင်းဥပဒေ ၃၁ အရ အမှုဖွင့် ဖမ်းဆီးအ​ရေးယူထားတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024