ပုသိမ်တွင် တောဆင်ရိုင်း ဝင်ရောက်မှုကြောင့် နေအိမ်နှင့်ပစ္စည်းအချို့ ပျက်စီး
DVB
·
January 20, 2019
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာ တောဆင်ရိုင်း ၁ ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်နဲ့ ပစ္စည်းအချို့ ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့ည ၁၁ နာရီကျော်က ပုသိမ်မြို့နယ်၊ ကွမ်းချောင်းကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာ ဒေသအခေါ်ကမ်းပါကြီးကျေးရွာရှိ ဦးမောင်အေးရဲ့ နေအိမ်တဲအား တောဆင်ရိုင်း ၁ ကောင်က ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တဲ နဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတဲအနီး ငှက်ပျောပင်တွေ ချိုးသံကြာ်းလို့ တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်းအမှတ်(၁) ငပုတောမြို့မရဲစခန်း တောင်ကလေးလှုပ်ရှားရဲကင်းအဖွဲ့က ခြောက်လှန့် မောင်းထုတ်ခဲ့ရာ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ ပုသိမ်မြို့နယ်၊ မြင်းကကွင်းအုပ်စု ကြက်သောင်း ချောင်းတောင်ပေါ်ကို တက်သွားတယ်လို့ သိရပါတယ်။