အာဆင်နယ် တိုက်စစ်မှူး ဝဲလ်ဘက် ဒဏ်ရာသက်သာ၍ လေ့ကျင့်ခန်း ပြုလုပ်

730
ပြီးခဲ့တဲ့ နိုဝင်လဘာလက စပိုးတင်းလစ္စဘွန်းအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ဟာ ဒဏ်ရာကနေ သက်သာလာပြီး အသင်းရဲ့ Gym လေ့ကျင့်ရေးပြုလုပ်တဲ့အချိန်မှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။
ဝဲလ်ဘတ်ဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်ကိုလ်နီ လေ့ကျင့်ရေးကွင်းက ဂျင်မ်ခန်းမမှာ ကြံ့ခိုင်ရေးနည်းပြတွေနဲ့ တဦးတည်း လေ့ကျင့်ခန်းပြုလုပ်နေတာ ဖြစ်ပါတယ်။
ဝဲလ်ဘတ်ဟာ အခုရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲကစားပြီး ၅ ဂိုးသွင်းယူပေးထားလို့ အသင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် နည်းပြ အူနိုင်းအန်မရီအနေနဲ့လည်း ဝဲလ်ဘတ် အလျင်အမြန်ပြန်ကောင်းလာဖို့ မျှော်လင့်နေပါတယ်။
ဝဲလ်ဘတ်ဟာ အာဆင်နယ်တိုက်စစ်မှာ တာဝန်ယူထားတဲ့ အူဘာမီယန်းနဲ့ လာကာဇက်အတွဲ အနားပေးချိန်မှာ အသုံးပြုနိုင်ဖို့ အသင့်ပြင်ဆင်ထားလေ့ရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဝဲလ်ဘတ် အာဆင်နယ်အသင်းကို ရောက်ရှိလာချိန်ကစပြီးတော့ ၁၂၆ ပွဲကစားပြီး ၃၂ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။