ပေါ်တိုနောက်ခံလူ အီဒါမီလီတိုကို ခေါ်ယူရန် မန်ယူနှင့်ရီးရဲလ် အပြိုင်ကြိုးပမ်းရဖွယ်ရှိ

ဗဟိုခံစစ်၊ ညာနောက်တန်းနဲ့ လိုအပ်ရင် ကွင်းလယ်မှာပါ ကစားနိုင်တဲ့ ပေါ်တိုအသင်းရဲ့ နောက်ခံလူ အီဒါမီလီတိုကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းတန်ကြေးရှိနေတဲ့ အဲဒီဘရာဇီးလ် နောက်ခံလူကို မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ အဲဗာတန် အစရှိတဲ့အသင်းတွေက စိတ်ဝင်စားနေကြတဲ့အပြင် အခု ရီးရဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ အီဒါကို ပြီးခဲ့တဲ့ရာသီကမှ ပေါင် ၃ သန်းနဲ့ ဆာပိုလို အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီးတော့ ပေါ်တိုအသင်းအနေနဲ့ ရောင်းထုတ်လိုခြင်းမရှိဘဲ ရောင်းထုတ်ဖြစ်မယ်ဆိုရင်လည်း ပေါင် ၄၅ သန်းကနေ ပေါင်သန်း ၇၀ ထိ ဈေးမြင့်တက်နိုင်ဖွယ် ရှိနေပါတယ်။ အီဒါဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အသင်းကနေ ထွက်ခွာမယ့် ဗလင်စီယာနေရာမှာ အစားထိုးနိုင်ဖို့ မျှော်လင့်နေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာတော့ ချဲလ်ဆီးအသင်းက ဟာဇက်၊ စပါးအသင်းက အဲရစ်ခ်ဆင်တို့လည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up