ဆွစ်ဇာလန် နှင်းလျှောစီးပြိုင်ပွဲတွင် အမေရိကန်နှင့်နော်ဝေ နိုင်ငံသား ၂ ဦး အောင်ပွဲခံ

ဆွစ်ဇာလန်နိုင်ငံ လာ့စ်မြို့မှာ ဇန်န၀ါရီ ၁၈ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့ဖလား slopestyle နှင်းလျှောစီးပြိုင်ပွဲမှာ အမေရိကန်နိုင်ငံသား ခရစ်ကောနင်းနဲ့ နော်ဝေနိုင်ငံသား  ဆီရင်းနိုရင်ဒါ တို့က အောင်ပွဲခံခဲ့ပါတယ်။ အမျိုးသားပြိုင်ပွဲမှာ ကောနင်းက နောက်ဆုံးအကျော့ကို ၈၉.၁၀ မှတ် ရရှိခဲ့ပါတယ်။ ဒါဟာ ကောနင်းရဲ့ ဒီရာသီအတွင်း ကမ္ဘာ့ဖလားပွဲစဉ် ၅ ခုမှာ ၄ ခု မြောက် အနိုင်ရခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ် ကောနင်းဟာ ဂျပန်နိုင်ငံသား တာကဲရုအိုဆုကာကို ကျော်တက်ပြီး ကမ္ဘာ့ဖလား slopestyle နှင်းလျှောစီးပြိုင်ပွဲ ဇယားထိပ်မှာ ဦးဆောင်ခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ နိုရင်ဒါက  ရမှတ် ၇၈.၃၅ မှတ်နဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားအောင်ပွဲကို ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဆွစ်ဇာလန်က ဆီယာလီယာပီယာတစ်နဲ့ ဆီနာကန်ဒရီယာတို့က ဒုတိယနဲ့ တတိယနေရာ အသီးသီးကို ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up