လီဗာပူးက ခရစ္စတယ်ပဲလေ့စ်ကို ၄-၃ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဇယားထိပ်ဆုံးက လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့်စ်အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ လီဗာပူရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး နှစ်ဖက်သွင်းဂိုးတွေ အပြန်အလှန် သွင်းယူခဲ့လို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသားစီးယူကစားနိုင်ခဲ့ပေမယ့် ဧည့်သည့်အသင်းက ဦးဆောင်ဂိုး အရင်သွင်းယူခဲ့တာပါ။ လီဗာပူးအတွက် ဂိုးတွေကိုတော့ ဒုတိယပိုင်း ၄၆ နဲ့ ၇၂ မိနစ်မှာ ဆက်လက်က ၂ ဂိုး၊ ၅၃ မိနစ်မှာ ဖာမီနိုက ၁ ဂိုးနဲ့ ပွဲချိန်မိနစ် ၉၀ မှာ ဆာဒီရိုမိန်းက ၁ ဂိုးသွင်းယူခဲ့တာပါ။ ခရစ္စတယ်ပဲလေးအသင်းအတွက် ဂိုးတွေကိုတော့ ၃၄၊ ၆၅ နဲ့ မိနစ် ၉၀ တွေမှာ အန်းဒရော့စ်၊ ဂျိမ်းစ်နဲ့ မက်ခ်ျတို့က သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီး ၈၉ မိနစ်မှာ လီဗာပူးအသင်းက ဂျိမ်းစ်မေလာ ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ လီဗာပူးအသင်းက ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၂၃ ပွဲကစား ရမှတ် ၆၀ နဲ့ ဒုတိယနေရာက မန်စီးတီးကို တပွဲအသာနဲ့ ၇ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ၂၃ ပွဲကစား ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up