အာဆင်နယ်က ချဲလ်ဆီးကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

887
ထိပ်သီးလေးသင်းစာရင်းဝင်ရေး အရေးပါတဲ့ လန်ဒန်ဒါဘီညမှာတော့ အာဆင်နယ်က ချဲလ်ဆီးကို အနိုင်ကစားပြီး အမှတ်ကွာဟမှုကို ကျဉ်းမြောင်းအောင်ကြိုးပမ်းနိုင်ခဲ့ပါတယ်။
အစောပိုင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ အနိုင် ၃ မှတ်ရခဲ့လို့ အာဆင်နယ်တို့ အဆင့် ၆ နေရာကို ဆင်းပေးခဲ့ရပေမယ့် ချဲလ်ဆီးကို ၂ ဂိုးပြတ်အနိုင်ရရှိပြီး ယူနိုက်တက်နဲ့ အမှတ်တူ အဆင့် ၅ နေရာကို ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၁၄ မိနစ်မှာ ဘယ်လာရင်ရဲ့ ဖန်တီးပေးပို့မှုကနေ လာကာဇက်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အာဆင်နယ်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကိုဦးဆောင်သွားပြီး ၃၆ မိနစ်မှာတော့ နောက်ခံလူ ပါပါစတာပူးလော့စ့် ကန်တင်ပေးတာကို ကိုစီယန်နီခေါင်းတိုက်ရာမှာ ပုခုံးနဲ့ထိပြီး ဝင်သွားခဲ့လို့ အာဆင်နယ်တို့ နောက်ထပ် ၁ ဂိုးထပ်မံရရှိခဲ့ပါတယ်။
အခုပွဲစဉ်မှာ ချဲလ်ဆီးတသင်းလုံး ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့လည်း ၄ မှတ်ကွာဟတဲ့ အနေအထားကို ရောက်ရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းကတော့ ရာသီအစရှုံးပွဲကို ချေပနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲကိုလည်း ပိုပြီးစိတ်ဝင်စားဖို့ကောင်းအောင် အသက်သွင်းနိုင်ခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။