Home
မြန်မာသတင်း
မြိတ်တွင် ကျပ်သိန်း ၄,၂၆ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သောင်းကျော် ဖမ်းမိ
DVB
·
January 19, 2019
မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ ၃ ရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက်၊ ၇ နာရီခွဲလောက်က ကျပ်သိန်း ၄,၂၆ဝ တန်ဖိုးရှိ WY မူးယစ်ဆေးပြား ၈ သောင်းကျော် ဖမ်းမိကြောင်း မြို့မရဲစခန်းက ပြောပါတယ်။ မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ ဒုရဲအုပ်ကျော်ဆန်းဦးအဖွဲ့နဲ့ မှုခင်းအကူရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ၀င်းထွန်းနိုင်အဖွဲ့ ပူးပေါင်းပြီး မြို့နယ်မှူးထုတ်ပေးတဲ့ ဖမ်းဝရမ်းအမှတ် (၆/၂ဝ၁၉) နဲ့ ဇေယျာသီရိ ၃ ရပ်ကွက်၊ ခေမာလမ်းမှာနေထိုင်တဲ့ နီလာအေး ၂၈ နှစ်ရဲ့ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၅,၂ဝဝ ဖမ်းဆီးမိခဲ့တာပါ။ နီလာအေးရဲ့ အိမ်အနီးနေထိုင်တဲ့ ဇော်လွင်ရဲ့ နေအိမ်ကိုလည်း သတင်းအရ ရှာဖွေရာ WY မူးယစ်ဆေးပြား ၅ သောင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ ဇနီးတင်မိုးဖြူနဲ့အတူ ရောင်းချနေကြောင်း သိရတာလို့ ဇန်နဝါရီ ၁၉ ရက်၊ မနက်ပိုင်းက သွားရောက်ဖမ်းဆီးရာ WY မူးယစ်ဆေးပြား ၃ သောင်း၊ ငွေ ၂ သိန်းနဲ့ ရွှေထည်အချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒုရဲအုပ်ကျော်ဆန်းဦးက ပြောပါတယ်။ “သူတို့ ၃ ဦးပေါင်းပြီးရောင်းတယ်။ ဆေးပြားတွေလည်း ကျန်သေးတယ်ဆိုလို့ ဒီနေ့မနက်မှာသွားဖမ်းတော့ တင်မိုးဖြူနဲ့အတူ WYမူးယစ်ဆေး ၃ သောင်းထပ်မိပါတယ်။သူ တို့ ၃ ယောက်ပေါင်း ဆေးပြား ၈၅,၂ဝဝ မိတယ်။ ဒေသပေါက်ဈေးနဲ့ ကျပ်သိန်းပေါင်း ၄,၂၆ဝ ရှိတယ်"လို့ ဒုရဲအုပ်ကျော်ဆန်းဦးကပြောပါတယ်။ မူးယစ်ဆေး လက်ဝယ်ထားပြီး ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ မနီလာအေး၊ ကိုဇော်လွင်နဲ့ မတင်မိုးဖြူတို့ကို မြိတ်မြို့မ ရဲစခန်းက မူး/စိတ်ပုဒ်မ ၁၉ (က) နဲ့ အရေးယူထားကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024