သမ္မတထရမ့် မြောက်ကိုရီးယားသံတမန်နှင့် တွေ့ဆုံ

323
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယား သံတမန် ကင်မ်ယောင်ချိုနဲ့ တွေ့ဆုံခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သမ္မတ ထရမ့်နဲ့ တွေ့ဆုံပြီးနောက် မြောက်ကိုရီးယား သံတမန် ကင်မ်ဟာ ဒီစီရှိ ဟိုတယ်ကို ပြန်ရောက်လာတာ မြင်တွေ့ရပါတယ်။
ကင်မ်ယောင်ချို လာရောက်တာဟာ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး ကြိုးပမ်းမှုမှာ တိုးတက်မှုရှိတဲ့ အမှတ်လက္ခဏာပဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယား သံတမန်နဲ့ အစောပိုင်းမှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြိး မိုက်ပွန်ပေယိုဟာလည်း ဒီစီရှိ ဟိုတယ်မှာ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။