ရဲသင်တန်းကျောင်းတိုက်ခိုက်မှု သူပုန်ခေါင်းဆောင်များကို ဖမ်းဆီးပေးရန် ကျူးဘားထံ ကိုလံဘီယာ တောင်းဆို

FILE PHOTO: Police and security personnel work at the scene where a car bomb exploded, according to authorities, in Bogota, Colombia January 17, 2019. REUTERS/Luisa Gonzalez
ကိုလံဘီယာရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိတဲ့ ELN သူပုန်ခေါင်းဆောင် ၁၀ ယောက်ကို ဖမ်းဆီးပေးဖို့ ကိုလံဘီယာသမ္မတ အီဗန်ဒူကေးက ကျူဘားအစိုးရကို  ဇန်န၀ါရီ ၁၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အဆိုပါ သူပုန်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လောလောဆယ် ဟာဗားနားကို ရောက်ရှိနေတာဖြစ်ပါတယ်။ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုကြောင့် သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြာခင် ပြန်စဖို့ မဖြစ်နိုင်သလောက် ဖြစ်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်က အစွန်းရောက် ဘာသာရေးဆရာတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ELN သူပုန်အဖွဲ့ကတော့ ရဲသင်တန်းကျောင်း ကားဗုံးခွဲမှုကို သူတို့လုပ်တယ်လို့ မထုတ်ပြန်ပါဘူး။ အဲဒီ သူပုန်အဖွဲ့မှာ တိုက်ခိုက်ရေးသမား ၂,၀၀၀ အထိရှိပြီး အမေရိကန်နဲ့ အီးယူတို့က အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး သတ်မှတ်ထားတာပါ။ ပြီးခဲ့တဲ့ ကိုလံဘီယာသမ္မတ ဆန်းတို့စ်လက်ထက်မှာ သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး စတင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဒူကေး လက်ထက်မှာတော့ ဓားစာခံ ၁၆ ဦးနဲ့ တိုက်ခိုက်မှုတွေကို မရပ်မချင်း ဆွေးနွေးပွဲကို ရပ်ထားမယ်လို့ ပြောခဲ့ပါတယ်။ ဇန်န၀ါရီ ၁၇ ရက်နေ့ ကားဗုံးခွဲ တိုက်ခိုက်မှုဟာ ၁၆ နှစ်နီးပါးအတွင်း အဆိုးရွားဆုံးဖြစ်ပြီး   လူ ၂၁ ဦးသေဆုံးကာ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up