ဘရိုက်တန်နှင့်ပွဲ ဆန်းချက်ဇ် ပွဲထွက်လာနိုင်ဟု ဆိုးလ်ရှား ပြော

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့လုပ်ခလစာအများဆုံး ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ လာမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာတော့ ပြန်လည်ပွဲထွက်လာနိုင်မယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြု ပြောကြားပါတယ်။ လက်တလောမှာတော့ ဆန်းချက်ဇ်အနေနဲ့ မာရှယ်၊ လင်ဂတ်၊ ရက်ရှ်ဖိုဒ့်တို့ရဲ့ ပွဲထွက်ကစားခွင့်ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်သေးလို့ လူစားဝင်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ မာတာတို့နေရာကိုတော့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာတော့ ဆန်းချက်ဇ်ဟာ ၂ ပွဲသာ ပွဲထွက်ခွင့် ရထားသူဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ လစာငွေမြင့်မားစွာရရှိနေပေမယ့် အသင်းကိုရောက်ရှိချိန်မှာ သူ့ရဲ့လစာငွေကြောင့် အသင်းမှာ ကစားသမားချင်းပြဿနာ အချို့ရှိခဲ့ပြီး ဆန်းချက်ဇ်အနေနဲ့လည်း သီးခြားနေခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ပြောကြားချက်အရတော့ ဆန်းချက်ဇ်ဟာ အပြုံးတွေကို ချုပ်တည်းနိုင်သလို နာကျင်မှုတွေကိုလည်း ဖုံးကွယ်နိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up