Epsilon-4 ဒုံးပျံကို ဂျပန်အောင်မြင်စွာ လွှတ်တင်

610
Epsilon-4 ဒုံးပျံကို ဂျပန်နိုင်ငံက ဇန်န၀ါရီ ၁၈ ရက်နေ့မှာ အောင်မြင်စွာ လွှတ်တင်လိုက်တယ်လို့ တိုကျိုအခြေစိုက် ကုမ္ပဏီက ပြောကြားပါတယ်။
၂၆ မီတာ ရှည်လျားတဲ့ Epsilon-4 ဒုံးပျံကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အူချီနိုယူရာ အာကာသစခန်းကနေ မနက် ၁၀ နာရီ ၀န်းကျင်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒုံးပျံမှာ သယ်ဆောင်သွားတဲ့ ဂြိုဟ်တုငယ် ၇ ခုထဲက တခုဟာ ကမ္ဘာမြေအထက် လေထုထဲမှာ မီးလောင်စေတဲ့ သတ္တုဘောလုံလေးတွေကို ပစ်လွှတ်ပြီး ကောင်းကင်ကို ထွန်းလင်းစေမယ်လို့ ALE Co. က ၀က်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
ပထမဆုံး ဥက္ကာပျံကျတဲ့ စမ်းသပ်မှုကို လာမယ့် ၂၀၂၀ နွေဦးပေါက်ချိန် ဟီရိုရှီးမားမြို့ပေါ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။