လုပ်ခလစာတိုးမြှင့်ပေးရေး တူနီရှားနိုင်ငံတဝှမ်း ဆန္ဒပြ၊ ပို့ဆောင်ရေးရပ်ဆိုင်း

တူနီးရှားနိုင်ငံတဝှမ်းမှာ ဇန်နဝါရီ ၁၇ ရက်နေ့က UGTT အလုပ်သမားသမဂ္ဂ ဦးဆောင်တဲ့ တရက်ကြာ သပိတ်မှောက်ပွဲကို ပြုလုပ်ခဲ့ပြီး ပို့ဆောင်ရေးတွေ ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေမှာ လူပေါင်းထောင်ချီ ပါဝင်ပြီး ဝန်ထမ်း ၆၇၀,၀၀၀ တို့ရဲ့ လစာငွေ တိုးမြှင့်ပေးရေးကို အစိုးရက ငြင်းဆန်ခဲ့တာကြောင့် ပြုလုပ်တာ ဖြစ်ပါတယ်။ သပိတ်မှောက်မှုကြောင့် တူနီးရှားနိုင်ငံရဲ့ ဆိပ်ကမ်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ နိုင်ငံပိုင် မီဒီယာနဲ့ အစိုးရရုံးတွေ ထိခိုက်ခဲ့ပါတယ်။ ကာသေ့ခ်ျလေဆိပ်မှာ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းပြီး ခရီးသည်ရာချီ သောင်တင်ခဲ့ပါတယ်။ အဲဒီ တရက်ကြာ သပိတ်မှောက်ပွဲဟာ ၂၀၁၃ ခုနှစ် အတိုက်အခံ နိုင်ငံရေးသမား ရှုကလီဘေလိ လုပ်ကြံခံရပြီးနောက်ပိုင်း အကြီးမားဆုံး သပိတ်မှောက်ပွဲလည်း ဖြစ်ပါတယ်။ တူနီးရှားနိုင်ငံအတွင်း စီးပွားရေး အကျပ်အတည်းကြောင့် ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း ကျဆင်းနေပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ပြုပြင်ပြောင်းလဲမှု ကင်းမဲ့တာကြောင့် အလုပ်အကိုင် ဖန်တီးပေးတဲ့ ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေပြီး အလုပ်လက်မဲ့နှုန်းဟာ မြင့်တက်နေပါတယ်။ အစိုးရက ခြိုးခြံချွေတာရေး အစီအမံတွေ လုပ်ဆောင်နေရတာမို့ အစိုးရဝန်ထမ်းတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရေးကို ကာလတခုအထိ ရပ်ဆိုင်းထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up