ပြင်သစ်လူငယ်ကစားသမား အီမာရန်ကို မန်ယူ ခေါ်နိုင်တော့မည်

ဓာတ်ပုံ - Amiens FC
ဂျူဗင်တပ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပြင်သစ်လီဂူးဝမ်းက လူငယ်ကစားသမား နောမ်အီမာရန်ကို မန်ချက်စတာယူနိုက်တက်အသင်းက ကြားဖြတ်ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အေမီယန်စ်အသင်းမှာ ခြေစွမ်းပြ ကစားနေတဲ့ အီမာရန်ကို ပေါင် ၉ သောင်းထိပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဒါဟာ ၁၆ နှစ်သား ကစားသမားတဦးအတွက် များပြားတဲ့ ပြောင်းရွှေ့ကြေးဖြစ်ပေမယ့် လူငယ်ကြယ်ပွင့်ရဲ့ ခြေစွမ်းကြောင့် အခုပမာဏကို ပေးရခြင်းဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ လူငယ်ကစားသမားတွေကို နေရာပေးလိုတဲ့အတွက် ခြေစွမ်းပြနေတဲ့ ကစားသမားသစ်တွေကို ရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အစောပိုင်း နောက်ခံကစားသမားနှစ်ဦးကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်ထားပေမယ့် အပြောင်းအရွှေ့တွေ အထမြောက်လာဖို့ မရှိတော့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up