Home
မြန်မာသတင်း
ကလေးတွင် သိမ်းဆည်းဆေးဝါးနှင့်အလှကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး
DVB
·
January 18, 2019
ကလေးခရိုင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သက်တမ်းလွန်ဆေးဝါးနဲ့ သုံးစွဲဖို့ မသင့်တဲ့ အစားအသောက်နဲ့ အလှကုန်ပစ္စည်းတွေကို ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ "၂၀၁၈ ခုနှစ်၊ ၈ လပိုင်းကနေ ဒီဇင်ဘာထိ ၄ လအတွင်း စစ်ဆေးတွေ့ရှိထားတဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာပါ။ ဒီလို ပစ္စည်းတွေအတွက် အရေးယူတဲ့အခါ ပစ္စည်း အနည်းအများပေါ် မူတည်ပြီး အရေးယူတာ လုပ်ပါတယ်။ ပထမ ပစ္စည်းသိမ်း ခံဝန်ချက်ထိုးခိုင်းတာ ရှိတယ်။ များရင်တော့ အစည်းအဝေးကော်မတီ တင်ပြပြီး ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမှု ပြုလုပ်ပါတယ်" လို့ ကလေးခရိုင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဆေးဘက်ကျွမ်းကျင် (၂) ဖြစ်တဲ့ မငြိမ်းငြိမ်းအိက ပြောပါတယ်။ ကလေးခရိုင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက် ကျန်းမာရေး ပညာပေးမှုတွေကို ကျောင်းနဲ့ဆိုင်တွေကို စစ်ဆေးပညာပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အများပြည်သူအကြား ပညာပေးမှု ပြုလုပ်တာတွေ မရှိသေးပါဘူး။ "ကျမတို့ ကလေးခရိုင်မှာ အရေးယူမှုအနေနဲ့ ဆိုင်တွေ ပိတ်သိမ်းတဲ့အထိတော့ အရေးယူတာ မရှိသေးဘူး" လို့ မငြိမ်းငြိမ်းအိက ဆိုပါတယ်။ ၄ လအတွင်း ဖျက်ဆီးခဲ့တဲ့ ၁၂ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းတွေထဲမှာတော့ သက်တမ်းလွန်ဆေးဝါးပမာဏက အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024