Home
မြန်မာသတင်း
ဝတပ်ဖွဲ့ထံ ခိုလှုံနေသည့် စစ်ဘေးရှောင်များကို တပ်မတော်က နေရပ်ပြန်ပို့
DVB
·
January 18, 2019
မိုင်းပန်မြို့နယ်မှာ တိုက်​ပွဲကြောင့်​ ဒေသလုံခြုံမှု မရှိတဲ့အတွက်​ ​နေရပ်​စွန့်​ခွာပြီး UWSA နယ်​​မြေထဲ လာရောက်ခိုလှုံနေတဲ့ ဒေသခံ အိမ်​​ထောင်​စု ၈၂ စုကို တပ်မတော်က နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက မိုင်းပန်မြို့နယ် ပန်​ပီး​ဒေသ နားမွန်းကျေးရွာအုပ်စုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးလာပြီး UWSA ၀တပ်ဖွဲ့မှာ ခိုလှုံနေကြတာပါ။ ပအိုဝ်းတိုင်းရင်းသား အိမ်​​ထောင်​စု ၈၂ စုကို UWSA ၀တပ်ဖွဲ့ စစ်​​ဒေသ ၁၇၁ တပ်​မဟာ ၇၇၈ အ​ခြေစိုက်​ရာ ခိုင်းလုံမှတဆင့် တပ်​မ​တော်​စစ်​ဗျူဟာသုံးခုက မိုင်းတုံမြို့နယ်​ ​ဒေသခံ၊ ဌာနဆိုင်​ရာတွေနဲ့ ပူး​ပေါင်းပြီး ​နေရပ်​ပြန်​ပို့​တာနဲ့ ​ထောက်​ပံ့မှုတွေကို  ဇန်​နဝါရီ ၁၇ ရက်​​နေ့က ​ဆောင်​ရွက်​ခဲ့တာလို့ မိုင်းတုံအ​​ခြေချစစ်​ဗျူဟာ အဖွဲ့စစ်​ဗျူဟာမှူး ဗိုလ်​မှူးကြီး​ အောင်​နိုင်​ဦးက ပြောပါတယ်။ "ခိုင်းလုံက​နေ မ​နေ့က ဖိုးဝှီးယာဉ်​ငယ်​​တွေနဲ့ မုံးထ​ရှေ့တန်းဗျူဟာကို ပို့​ပေးတာ။ ဒီမနက် ​မုံးထက​နေ ဆက်​ပို့လာလို့ နား​ကောင်းမူးက​နေ သွားကြို​ခေါ်လာပြီး အခု​နေ့လယ်​စာ​ကျွေး​မွေးပြီး စာနပ်​ရိက္ခာ၊ အဝတ်​အထည်​နဲ့ ငွေကျပ်​ ၁၅ သိန်း​ကျော် ​​ထောက်​ပံ့​ပေးမှာပါ။ ပြီးရင်​ တာဆန်းအ​ရောက် ​ဒီက​နေ့ ဆက်​ပို့​ပေးမှာပါ။" ၂၀၁၈ ခုနှစ် ​ဒီဇင်​ဘာလ ၃၁ ရက်​​နေ့ညမှာ မိုင်းပန်​မြို့နယ်​ ပန်​ပီးဒေသ ​နားမွန်းကျေးရွာအုပ်စုမှာ RCSS နဲ့ PNLA တပ်​တွေ ထိ​တွေ့တိုက်​ပွဲဖြစ်​ခဲ့ပြီးနောက် RCSS က ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် ထွက်ပြေးခိုလှုံခဲ့တာလို့ ရပ်​မိရပ်​ဖတဦးက ပြောပါတယ်။ RCSS/SSA အဖွဲ့ ​တောင်​ကြီး ဆက်ဆံရေးရုံး တာဝန်ခံ​ ဗိုလ်မှူးကြီး စိုင်းဦးကတော့ ခြိမ်းခြောက်တာမျိုးမရှိဘဲ တိုက်ပွဲကြောင့် ရွာမှာမနေရဲလို့ ထွက်ပြေးကြတာဖြစ်ကြောင်း ပြောကြားထားပါတယ်။ အဆိုပါ​နေရပ်​စွန့်​ခွာထွက်​​ပြေးလာသူ အိမ်​​ထောင်​စု ၈၂ စုလူဦး​ရေ ၃၀၉ ဦးထဲမှာ  အမျိုးသမီးနဲ့ က​လေးသူငယ်​​တွေများပြားတယ်လို့ သိရပါတယ်။ နေရပ်​စွန့်​ခွာလာသူ ပအိုဝ်းတိုင်းရင်းသား​တွေကို ဇန်​နဝါရီ နေရင်း​ကျေးရွာတွေကို လင်း​ခေးစစ်​​ဗျူဟာမှူးကိုယ်​တိုင် ဒီနေ့ ဆက်လက်ပို့​ဆောင်​​​ပေးသွားမယ်လို့ သိရပါတယ်။ ​အောင်​​ဇေယျ(မိုင်းတုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024