Sunday, June 11, 2023
HomeLead Storyလူကုန်ကူးတရားခံ မြန်မာတဦး ထိုင်းတွင် အချုပ်ခန်းဖောက် ထွက်ပြေး

လူကုန်ကူးတရားခံ မြန်မာတဦး ထိုင်းတွင် အချုပ်ခန်းဖောက် ထွက်ပြေး

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား တရားခံ အမျိုးသားတဦး ရဲအချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကလန်ခရိုင်ရဲစခန်းမှာ ဇန်န၀ါရီလ ၁၇ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး တရားခံဟာ နေ့လယ် ၁၂ နာရီခွဲလောက်မှာ စခန်းတွင်းကနေ သက်သောင့် သက်သာအနေအထားနဲ့ လွတ်မြောက်သွားခဲ့တာကို လုံခြုံရေးကင်မရာထဲမှာ တွေ့ရပါတယ်။
ရဲတွေဟာ အဲဒီနေ့မနက်ပိုင်းက တရားရုံးကို ပို့ဆောင်စစ်ဆေးမယ့် တရားခံတွေကို စစ်ဆေးနေခဲ့ကြပြီး အလုပ်ရှုပ်နေခဲ့တာပါ။

အဲဒီအချိန်မှာ အချုပ်ခန်းပြင်ပမှာ တာဝန်ကျရဲတွေ တယောက်မှ ရှိမနေခဲ့ဘဲ မြန်မာတရားခံ ကိုလည်း လက်ထိတ်သာ ခတ်ထားခဲ့တာမို့ အလွယ်တကူလွတ်မြောက်သွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် တရားခံဇော်ဝင်းဟာ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို လူကုန်ကူးမှုစွဲချက်နဲ့ ဇန်န၀ါရီ ၁ ရက်က ဖမ်းဆီးခံရပြီး ဘန်ကလန်ရဲစခန်းမှာ ထိန်းသိမ်းခံထားရတာပါ။

အရပ်အမြင့် ၁၆၅ စင်တီမီတာရှိပြီး ထိုင်းစကားပြောတတ်တဲ့ တရားခံဟာ လမ်း လျှောက်ရင် ခြေထောက်ထော့နဲ့ထော့နဲ့နဲ့ လျှောက်တတ်ကာ အပြာရောင်အစင်းတီရှပ်၊ အနက်ရောင်ဂျင်းဘောင်းဘီနဲ့ အနက်ရောင်ကက်ဦးထုပ်ဆောင်းထားတယ်လို့ ဆိုပါတယ်။

သတင်း-ဓာတ်ပုံ- Bangkok post

RELATED ARTICLES
- Advertisment -
Google search engine

Most Popular