ထိုင်ဝမ် ကြည်း၊ ရေ၊ လေတပ်များ ပူးပေါင်း စစ်ရေးလေ့ကျင့်

1.1K
ထိုင်ဝမ် လေတပ်၊ ကြည်းတပ်နဲ့ ရေတပ်တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၁၇ ရက်က စစ်ရေးလေ့ကျင့်ကြပါတယ်။
တရုတ်စစ်တပ်ရဲ့ ကျူးကျော်မှု ဖြစ်နိုင်ချေကို တုံ့ပြန်ပုံအနေနဲ့ ပုံစံတူဖန်တီးရင်း လေ့ကျင့်တာ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင် ရှီကျင့်ဖျင်က ထိုင်ဝမ်ကို အင်အားသုံးဖို့ အခွင့်အရေးကို အရန်အင်အားအဖြစ် ထားတယ်လို့ ဒီလအစောပိုင်းက အတည်ပြု ပြောဆိုခဲ့တာပါ။
တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးက ရှောင်လွှဲလို့ မရဘူးလို့လည်း ပြောပါတယ်။
ဟောင်ကောင်နဲ့ မကာအိုအပေါ် ကျင့်သုံးနေတဲ့ တနိုင်ငံ စနစ် ၂ မျိုး မူဝါဒဟာ ထိုင်ဝမ်အတွက် နမူနာပဲလို့လည်း ရှီက ပြောပါတယ်။
ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ကတော့ သူ့အစိုးရ ဒါမှမဟုတ် ဘယ် ထိုင်ဝမ်နိုင်ငံရေးသမား မဆို ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ ယုံကြည်မှုကို သစ္စာဖောက်ပြီး ရှီရဲ့စကားကို လက်ခံဖို့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။