အေစီမီလန်တိုက်စစ်မှူး ဟီဂူအင်ကို ချဲလ်ဆီး အငှားဖြင့်ခေါ်ရန် သဘောတူညီမှုရ

ချဲလ်ဆီးအသင်းဟာ အေစီမီလန်တိုက်စစ်မှူး ဟီဂူအင်ကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ အသက် ၃၁ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ဟာ ဂျူဗင်တပ်အသင်းကနေ အေစီမီလန်အသင်းကို အငှားစာချုပ်နဲ့ လာရောက်ကစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး ရာသီအကုန်မှာ အပြီးသတ်စာချုပ် ချုပ်ဆိုပြီး ခေါ်ခွင့်ရမယ်လို့ သိရပါတယ်။ တခြားတဖက်မှာတော့ တိုက်စစ်မှူး မိုရာတာကိုလည်း အငှားချဖို့ စီစဉ်နေပြီး ဘတ်ရှူးအာယီကိုလည်း အပြီးသတ်ရောင်းချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဟီဂူအင်ဟာ အခုနှစ်ဘောလုံးရာသီမှာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up