Home
မြန်မာသတင်း
ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ နုတ်ထွက်​စာတင်
DVB
·
January 17, 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအယောက် ၃၀ တာဝန်မှ နုတ်ထွက်ဖို့ ဇန်နဝါရီ ၁၅ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား တင်ပြထားပေမယ့် လက်မခံဘူးလို့ ရခိုင်​အမျိုးသားပါတီရဲ့ ပြည်​နယ်​လွှတ်​​တော်​အမတ်​ ဦးသန်းနိုင်က ပြောပါတယ်​။ နုတ်​ထွက်​စာလာတင်​ကြတဲ့ ​ကျေးရွာအုပ်ချုပ်​​ရေးမှူး​တွေက ရ​သေ့​တောင်​မြို့နယ် ​​မြောက်​ပိုင်း ​ကျောက်​တန်းတိုက်​နယ်​က ၁၈ ဦး နဲ့ မြို့မနယ်​​မြေက ၁၂ ဦးဖြစ်​ပြီး မြို့နယ်​​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးက လက်​မခံဘဲ အ​ပေါ်ကို တင်​ပြမယ်​ဆိုပြီး ​အ​ကြောင်းပြန်​ထားတယ်လို့ ဆိုပါတယ်။ "​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​တွေဟာ စစ်​တပ်​လာရင်​လည်း ​ကြောက်​​နေရတယ်၊​ ဟိုဘက်​ ​အေ​အေ ဘက်​က လာရင်​လည်း ​ကြောက်​​နေရတယ်။ ရိက္ခာ​ပေးဆို​ပေးရတယ်​၊ သူတို့ကကြားမှာ ဒုက္ခ​ရောက်​​နေတယ်​​ပေါ့​လေ။ အုပ်​ချုပ်​​ရေးမှူး​တ​ဦးရဲ့ လုပ်​ပိုင်​ခွင့်ကိုလည်း ​ကျော်​လွန်​ပြီး လုပ်​မရ၊ ရပ်​သူ/ရွာသား​တွေ ရွေးချယ်​တင်​​မြောက်​ထားတဲ့ အုပ်​ချုပ်​​ရေးမှူးလည်း ဖြစ်​တယ်​၊ ရပ်​သူရွာသား​ တွေအတွက်​လည်း တာဝန်​ရှိတယ်၊ သူတို့တာဝန်​က ကြီးလွန်း​နေတယ်။ သူတို့ ကိုယ်​ပိုင်​ ဆုံးဖြတ်​ချက်​နဲ့ နုတ်​ထွက်​ကြတာလို့ပဲ ထင်​မြင်​မိတယ်။ ​ရ​သေ့​တောင်မြို့နယ်​က ရေ​ကောင်း​ချောင်း အုပ်​ချုပ်​​ရေးမှူးတ​ဦးကိုလည်း မတရားဖမ်းဆီးထားတယ်​။ ဘူးသီး​တောင်​မြို့နယ်​မှာလည်း ဖမ်းဆီး တာ​တွေ ရှိ​နေ​တော့ ဘယ်​သူမှမလုပ်​ချင်​ကြတဲ့ သ​ဘောပါ။" အေအေနဲ့ အဆက်အသွယ်ရှိတယ်လို့ သံသယရှိတာကြောင့် သရက်ပြင်ကျေးရွာမှ ရွာသား ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို အေအေအား သတင်းပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အခြားသူတဦးကလွဲပြီး အားလုံးကို ပြန်လွှတ်ခဲ့ကြောင်း တပ်မတော်က ဇန်နဝါရီ ၁၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။ ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာသား ၂ ဦးကိုလည်း ဖုန်းတွေနဲ့ တပ်မတော်သားတွေအား ဓာတ်ပုံရိုက်ပြီး အေအေထံ ပို့ခဲ့တာကြောင့် ဖမ်းဆီးထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024