Sunday, May 28, 2023
HomeLead Storyနိုင်ငံသားများ သေနတ်ဝယ်ယူခွင့် ဖြေလျှော့ပေးသည့်အမိန့် ဘရာဇီးသမ္မတ လက်မှတ်ရေးထိုး

နိုင်ငံသားများ သေနတ်ဝယ်ယူခွင့် ဖြေလျှော့ပေးသည့်အမိန့် ဘရာဇီးသမ္မတ လက်မှတ်ရေးထိုး

ဘရာဇီး သမ္မတဟာ မဲဆွယ်ပွဲ ကတိကဝတ်ကို ပထမဆုံး ဖြည့်ဆည်းပေးတဲ့ ခြေလှမ်းအဖြစ် နိုင်ငံသားတွေ သေနတ်ဝယ်ယူခွင့် ဖြေလျှော့ပေးတဲ့ အမိန့်ကို ဇန်န၀ါရီလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

“နိုင်ငံသားတွေကို  တရားဝင် ခုခံကာကွယ်ခွင့် ပေးအပ်ဖို့အတွက် သမ္မတ တဦးဖြစ်တဲ့ ကျေန်ာက ဒီလက်နက်ကို အသုံးပြုပါတော့မယ်” လို့ ဘရာဇီးသမ္မတ ဂျာရီ ဘိုဆိုနာရိုက ပြောပါတယ်။

ဗိုလ်ကြီးဟောင်းတဦးဖြစ်သူ ဘိုဆိုနာရိုဟာ ဘရာဇီးနိုင်ငံသားတွေ လက်နက်ကိုင်ဆောင်ခွင့်ကို တားမြစ်တဲ့သဘော သက်ရောက်တဲ့ ၂၀၀၃ ဥပဒေကို ပယ်ဖျက်လိုတာ ဖြစ်ပါတယ်။

“လက်နက်ကိုင်ဆောင်ခွင့် ပြုတာဟာ ကျနော်တို့အဖို့ အလွန်အရေးကြီးပါတယ်။ လွတ်လပ်စွာ ကိုင်ဆောင်ခွင့်နဲ့ အထောက်အထားတွေ ရှိတာပေါ့။ ဘာလို့ဆိုတော့ အထောက်အထား မှန်မှန်ကန်ကန်မရှိရင် ကျေန်ာတို့ကို ထိခိုက်စေသလို ကိုယ့်လုံခြုံရေးကိုလည်း ထိခိုက်စေပါတယ်” လို့ သေနတ်ပစ်လေ့ကျင့်သူ ကလောဂျီနီ ဟတ်စကီနိုက ပြောပါတယ်။

လက်နက်ဖျက်သိမ်းရေး လှုပ်ရှားဆောင်ရွက်နေသူ ဟူဘင် ဆက်ဇာ ဖတ်နွန်ဂျစ်ကတော့ “လူအဖွဲ့အစည်းမှာ လက်နက်အရေအတွက် များလာတာဟာ ဒီလို ပတ်ဝန်းကျင်အတွက် မကောင်းပါဘူး။ အန္တရာယ်ဖြစ်စေပြီး အကြမ်းဖက်မှု တိုးလာမယ်လို့ ထင်ပါတယ်။ ဘာဖြစ်မလဲ ဆိုတာတော့ ဘုရားပဲသိမှာပေါ့။ ဒီလို ခွင့်ပြုလိုက်တာဟာ ဆိုးရွားတဲ့အစီအမံ ဖြစ်တယ်လို့ အရာရာက ဖော်ညွှန်းနေတာပဲ” လို့ ပြောပါတယ်။

ဘရာဇီးနိုင်ငံမှာ တရားမဝင်လက်နက်တွေ ဘယ်လောက်များများ ရှိလဲဆိုတာ သိဖို့ ခက်ခဲပေမယ့် တရားရေးဌာနရဲ့ ပြီးခဲ့တဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံအတွင်း တရားမဝင် လက်နက်အရေအတွက် ၈ သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular