အမေရိကန် သမ္မတအိမ်တော်ကို တိုက်ခိုက်ရန် ကြံစည်မှုဖြင့် ဂျော်ဂျီယာနိုင်ငံသားတဦးအား ဖမ်းဆီး

အမေရိကန် သမ္မတအိမ်တော်နဲ့ တခြား အစိုးရအဆောက်အဦတွေကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဂျော်ဂျီယာနိုင်ငံသားတဦးကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဖမ်းဆီးစွဲချက်တင်ခဲ့ပါတယ်။ ဖက်ဒရယ်အဆောက်အဦတွေ တိုက်ခိုက်မယ့် အစီအစဉ်တွေကို သေချာစုံစမ်းပြီးနောက်မှာ ကမ်းမင်းမြို့က အသက် ၂၁ နှစ်အရွယ် ဟက်ရှာတေဟက် ဆိုသူကို ဖမ်းဆီးခဲ့တယ်လို့ ဂျော်ဂျီယာပြည်နယ် မြောက်ပိုင်းခရိုင် အစိုးရရှေ့နေက ပြောပါတယ်။ သူ့ရဲ့အကြံအစည်က အိမ်ဖြူတော်နဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ အခွင့်သာတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ဖြစ်တယ်လို့လည်း အဲဒီရှေ့နေက ပြောပါတယ်။ ရပ်ရွာအဖွဲ့ဝင်တဦးဆီကနေ သတင်းရပြီးနောက် ပြီးခဲ့တဲ့ မတ်လတုန်းက ဒေသခံ ရဲတပ်ဖွဲ့ဟာ အက်ဖ်ဘီအိုင်ကို ဆက်သွယ်ခဲ့တယ်လို့ NBC သတင်းဌာနက ကြေညာပါတယ်။ တေဟက်ဟာ နာမည်ပြောင်းပြီး နိုင်ငံခြားထွက်ဖို့ စီစဉ်ခဲ့တယ်လို့လည်း NBC သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up