ဆောက်သမ်တန်ကို အနိုင်ယူပြီး ဒါဘီ အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 17 January, 2019
793
0
Share
0
Comment
0
Likes
VIDEO
အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်နဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီတို့ မနေ့ကယှဉ်ပြိုင်ရာ ပယ်နယ်တီအဆုံးအဖြတ်မှာ ဒါဘီက အနိုင်ရပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။
ဒီနှစ်သင်း ပထမအကျော့ တွေ့ဆုံစဉ်ကလည်း ၂ ဂိုးစီ သရေကျခဲ့လို့ ပြန်ကန်ရတာဖြစ်ပြီး အခုပွဲမှာလည်း သာမန်ပွဲကစားချိန် မိနစ် ၉၀ မှာ ၂ ဂိုးစီ သရေကျနေတာပါ။
ပွဲချိန် ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပြီးနောက် ဆောက်သမ်တန်က ပွဲချိန် ၆၈ မိနစ်မှာ အမ်းစ်ထရောင်း၊ မိနစ် ၇၀ မှာ ရက်ဒ်မွန်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ပေမယ့် အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ၇၆ မိနစ်မှာ ဝီလ်ဆင်၊ ၈၂ မိနစ်မှာ ဝက်ဂ်ဟွန်းတို့က ဒါဘီအတွက် ချေပဂိုးတွေ ပြန်သွင်းခဲ့တာပါ။
ဒီ့နောက် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပယ်နယ်တီမှာတော့ နည်းပြ လမ်းပတ်ရဲ့ ဒါဘီအသင်းက ငါးဂိုးစလုံးဝင်အောင် ကန်သွင်းနိုင်ပေမယ့် ဆောက်သမ်တန်က ၃ ဂိုးပဲ ဝင်တဲ့အတွက် ဒါဘီ အနိုင်ရပြီး အက်ဖ်အေဖလား စတုတ္ထအဆင့် တက်ရောက်သွားတာ ဖြစ်ပါတယ်။