Home
မြန်မာသတင်း
ကွန်ဟိန်းမြို့တွင် ကျပ်သိန်းပေါင်း တသိန်းခွဲ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းဆီးရမိ
DVB
·
January 16, 2019
ရှမ်းပြည်နယ် ကွန်ဟိန်းမြို့မှာ ကျပ်သိန်းပေါင်း ၁၅၀,၀၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ မူယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ၂၇ လွိုင်လင်က တပ်ဖွဲ့ဝင်တွေဟာ တာကော်တံတား ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းက သတင်းအရ စစ်ဆေးနေတုန်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ တာကော်တံတားမှာ မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေနေရာမှာ မိုင်းပျဉ်းမြို့ ဘက်ကနေ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ဘက်ကို မောင်းလာတဲ့ မော်တော်ယာဉ်ပ်ါမှာ အံဝှက် လုပ်ထားတဲ့အထဲက ပလတ်စတစ်အိတ်တွေနဲ့ ထည့်ထားတဲ့ ICE (မက်သာအက်ဖက်တမင်း) ၆၀၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၅၀၀၀၀ သိန်း)နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းမိခဲ့ပါတယ်။ ကားကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်နေ မြင့်အောင်ဆိုသူက မောင်းနှင်လာတာ ဖြစ်ပြီး သူ့ကို ကာလိနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေကို ဖော်ထုတ်စစ်ဆေးနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024