တရုတ်နိုင်ငံ ဂျပန်သံရုံးရှေ့ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

တရုတ်နိုင်ငံ ပေကျင်းက ဂျပန်သံရုံးရှေ့မှာ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ဖြစ်ပွားနေသလို တိုင်းပြည်တ၀န်းလုံး ဆန္ဒပြမှုတွေကြောင့် ဂျပန် စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းခဲ့ရပါတယ်။ ကင်နွမ် (Canon)၊ ပင်နာဆိုးနစ် (panasonic) စတဲ့ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ တရုတ်မှာရှိတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းတွေ ထိခိုက်သလို နီပွန်လေကြောင်းလိုင်းကလည်း  တရုတ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ [caption id="attachment_30891" align="alignright" width="300" caption="(ဓာတ်ပုံ-ရိုက်တာ)"][/caption] ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက တရုတ်အမျိုးသားအလံနဲ့ တံခွန်တွေကို ကိုင်ဆောင်ပြီး ဂျပန်သံရုံးကို လှည့်လည်နေတဲ့အတွက် ရာနဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး  ရဲတွေကလည်း စောင့်ကြပ်နေပါတယ်။ မနေ့က တရုတ်နိုင်ငံ ဒေသ အတော်များများမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ အကြမ်းဖက်တဲ့အထိ ပြောင်းလဲခဲ့တဲ့ အတွက် ရဲတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွင်းခဲ့ရပါတယ်။ ပေကျင်းမှာ ဆန္ဒပြသူတွေက သံရုံးရှေ့ ရဲတွေရဲ့ ပိတ်ဆိုမှုတွေကို ကျောက်တုံး၊ ကြက်ဥ၊ ရေပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အသက် ၂၆ နှစ်အရွယ် ရှေ့နေတဦးက “ဂျပန်တွေက စလို့ ဒီပြဿနာ ဖြစ်ရတယ်။ ဒါကြောင့်လည်း တရုတ်တွေက မျိုးချစ်စိတ်တွေကို ပြနေသလို ဂျပန်တွေကို ဒေါသထွက်တာတွေအတွက် နားလည်ပါတယ်” လို့ ဆိုပါတယ်။ အရှေ့တရုတ်ပင်လယ်က သဘာဝဓာတ်ငွေနဲ့ ရေနံတွေပေါကြွယ်တဲ့ တရုတ်အခေါ် ဒေးအိုယုနဲ့ ဂျပန် အခေါ် ဆန်ကာကူကျွန်းကို ဂျပန် ပုဂ္ဂလိက ပိုင်ရှင်ထံကနေ ဂျပန်အစိုးရက ၀ယ်ယူဖို့ကြိုးစားတာကို ဆန္ဒပြတာလည်း ဖြစ်ပါတယ်။ အဲဒီနေရာကို တရုတ်အစိုးရက ကင်းလှည့်သင်္ဘော ၆ စင်းကို စေလွှတ်ခဲ့ပြီး တရုတ်တရားဥပဒေရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူးက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခဟာ စစ်ပွဲအထိ ဖြစ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူအများစုက စစ်ကြေညာဖို့ တောင်းဆိုခဲ့ပါတယ်။ အသက် ၆၅ နှစ်အရွယ် အငြိမ်းစားတဦးက “တိုင်းပြည်ရဲ့အနေအထားအတွက် တရုတ်တွေ ဆန္ဒပြတာကို ထောက်ခံပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စစ်ကို မလိုချင်သလို တခြားမလိုလားအပ်တဲ့ အရာတွေကိုလည်း မမြင်ချင်ပါဘူး၊ ကြာရှည်တည်ဆောက်လာတဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ဂျပန် စားသောက်ဆိုင်နဲ့ လုပ်ငန်းတွေဟာ တိုက်ခိုက်ခံရမှုကနေ ကာကွယ်ဖို့ ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းခဲ့ပြီးတော့ ဒေးအိုယုကျွန်းဟာ တရုတ်ပိုင်ပါဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ အစားထိုးလိုက်ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ မြို့ ၅ မြို့မှာ ဂျပန်ကားတွေနဲ့ ဆိုင်တွေကို ခိုးယူ တိုက်ခိုက်ခဲ့သလို ဂျပန်တွေ လုပ်ကိုင်နေတဲ့ စက်ရုံတွေကိုလည်း ၀င်ရောက်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံသားတွေနဲ့ ပိုင်ဆိုင်တာတွေကို ကာကွယ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up