မိုက်ကယ်ဘီဂျော်ဒန်နှင့် ဆီဗက်စတာ စတားလုံးတို့ ခေါင်းဆောင်ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင် – Creed II (နမူနာ)

အမေရိကန်လက်ဝှေ့အားကစား အခြေပြု Sports Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Creed II ရုပ်ရှင်ကားကို လက်ရှိ မြန်မာနိုင်ငံမှာ ရုံတင် ပြသနေပါတယ်။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Steven Caple Jr. က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Warner Bros. နဲ့ Annapurna Pictures တို့က တင်ဆက်လိုက်တာပါ။ ဒီကားဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Creed ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး အမေရိကန် Sports Drama ရုပ်ရှင် Series Rocky Film Serires တွေရဲ့ ၈ ကားမြောက်အဖြစ် ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာတော့ ကြိုးဝိုင်းထဲမှာပဲ သေဆုံးသွားတဲ့ အမေရိကန် Boxing ချန်ပီယံဟောင်း Apollo Creed ရဲ့ သားဖြစ်တဲ့ Adonis Creed ဟာ သူ့ရဲ့အဖေကို အလဲထိုး အနိုင်ယူပြီး အသက်သေစေခဲ့တဲ့ ရုရှား Boxer Ivan Drago ရဲ့သား Victor Drago က ထိုးသတ်ဖို့ စိန်ခေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Adonis Creed အဖြစ် အမေရိကန် သရုပ်ဆောင်မင်းသား Michael B. Jordan က ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး Sylvester Stallone ကတော့ ဟဲဗီးဝီတ်ချန်ပီယံတဦး အနေနဲ့ Adonis Creed ရဲ့ နည်းပြနေရာက ပါဝင်ထားတာ ဖြစ်ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၅၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7.7 ထိ ရရှိထားပြီး ဒီကားထဲက သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီကားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ သန်းထိ ရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကားကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up